သစ္စာရှိကြေးအဖြစ် ပေးဆောင်ရမှာပါ။

၂၀၁၇ခုနှစ်မှာ မက်ဆီနဲ့ ဘာစီလိုနာတို့ အသစ်ချုပ်ဆိုတဲ့ ၄နှစ်သက်တမ်းတိုးစာချုပ်မှာ သစ္စာရှိကြေး အဖြစ် ပေါင် သန်း ၆၀ပေးဆောင်ဖို့ ထည့်သွင်းထားပြီး ပထမတစ်ဝက် ပေါင် သန်း ၃၀ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မက်ဆီအနေနဲ့ ရရှိထားကာ စာချုပ်ပြည့်ချိန်မှာတော့ ကျန်တစ်ဝက်ကို ရဖို့ရှိနေတာပါ။

လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ကာ အခြားအသင်းတစ်သင်းကို အလွတ်ထွက်ခွာ ခွင့်ပြု ရသည့်တိုင် ဘာစီလိုနာအသင်းဟာ မက်ဆီကို နောက်ထပ် ပေါင် သန်း ၃၀ပါ ပေးဆောင်ရမယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



အဆိုပါ ပေါင် သန်း ၃၀ဟာ မက်ဆီရဲ့ ဘာစီလိုနာအသင်းအပေါ်မှာ အစဥ်တစိုက် သစ္စာရှိရှိနဲ့ နှစ်ပေါင်း များစွာ ကစားပေးလာတဲ့အတွက် သစ္စာရှိဆုကြေး အဖြစ် ပေးဆောင်ရတာပါ။

မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် ၂၀၂၁ခုနှစ် ဇွန်လကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး မန်စီးတီးအသင်းက ခေါ်ယူဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ ၂၀၁၇ခုနှစ်မှာ ချုပ်ဆိုတဲ့ ၄နှစ် စာချုပ်သစ်အရ သစ္စာရှိဆုကြေး အဖြစ် ပေါင်သန်း ၆၀ပေးဆောင်ဖို့ သဘောတူညီချက် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆုကြေးထဲက တစ်ဝက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မက်ဆီအနေနဲ့ ရရှိထားပြီး ဖြစ်ပြီး ကျန်တစ် ဝက်ဖြစ်တဲ့ ပေါင် သန်း ၃၀ကို စာချုပ်ပြည့်ချိန်မှာ ရရှိမှာပါ။

ယခုနှစ်အစောပိုင်းကသာ အသင်းက ထွက်ခွာခဲ့မယ်ဆိုရင်တော့ ကျန် တစ်ဝက်ကို မက်ဆီအနေနဲ့ ရရှိမှာ မဟုတ်ပဲ ယခုအခါမှာတော့ ရရှိဖို့ ကျိန်းသေသလောက်ရှိနေတာပါ။

မက်ဆီကိုတော့ ဆရာဟောင်းဖြစ်သူ ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းက ခေါ်ယူနိုင်ရေး ချိတ်ဆက် နေပြီး စာချုပ်ပြည့်ချိန်ကို ‌စောင့်နေပါတယ်။

လက်ရှိ ကာလမှာလည်း ဘာစီလိုနာအသင်းဟာ ကိုဗစ်ကြောင့် စီးပွားရေး ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရပြီး ကစားသမားတွေအပါအဝင် ဝန်ထမ်းအားလုံးထဲမှ စုစုပေါင်း ပေါင်သန်း ၁၇၀ကို လျော့ချနိုင်ဖို့ ကြိုးပမ်းနေတယ် လို့လည်း သိထားရပါတယ်။

ဒီလိုလျော့ချနိုင်ဖို့အတွက်လည်း ကစားသမားအပါအဝင် ဝန်ထမ်းအားလုံးနဲ့ လစာလျော့ယူပေးကြဖို့ ညှိနှိုင်းနေပြီး အဆင်ပြေဖို့ များနေပါတယ်။

Share

Loading Next Article...
က္က