ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရလို့ စနေနေ့ပွဲကို ကစားပေးနိုင်မှာမဟုတ်တော့ပါဘူး။

အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ တစ်ဦးတည်းသီးသန့်နေထိုင်နေပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့လည်း သိရပြီး သူနဲ့အတူ အခြားနှစ်ဦးလည်း ကူးစက်ခံခဲ့ရပါတယ်။ 


တိုက်စစ်မှူးလူးဝစ္စဆွာရက်ဇ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က အတည်ပြုသတင်းထုတ်ပြန်လိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ကစားသမားဟာ တစ်ဦးတည်းသီးသန့်နေထိုင်နေပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့လည်း သိရပြီး သူနဲ့အတူ အခြားနှစ်ဦးလည်း ကူးစက်ခံခဲ့ရပါတယ်။ 



ဂိုးသမား ရိုဒရီဂိုမူနွတ်ဇ်နဲ့ အသင်းဝန်ထမ်းတစ်ဦးတို့လည်း ကူးစက်ခံထားရတယ်လို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်နဲ့ အတည်ပြုထုတ်ပြန်ချက်မှာပါဝင်ခဲ့ပါတယ်။ ဆွာရက်ဇ်အနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတာကြောင့် မနက်ဖြန်မှာကစားမယ့် ဘရာဇီးလ်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ စနေနေ့မှာကစားရမယ့် အသင်းဟောင်းဘာစီလိုနာနဲ့ လာလီီဂါပွဲတို့ကို လွဲချော်တော့မှာလည်းဖြစ်ပါတယ်။ 

"အသင်းဝန်ထမ်းတွေနဲ့ စီနီယာအသင်းကြီးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ပြီးနောက် ဆွာရက်ဇ်၊ မူနွတ်ဇ်နဲ့ ဝန်ထမ်းမာသီးယပ်စ်တို့ ဗိုင်းရပ်စ်ကူးစက်နေတယ်လို့ ရလဒ်တွေခဲ့ရပါတယ်၊ ကျန်အားလုံးကတော့ နဂတစ်ပါ၊ သူတို့သုံးဦးရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်နေပြီး လိုအပ်တဲ့ကုသမှုတွေကို ပြုလုပ်ပေးနေပါတယ်" လို့ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ကိုလံဘီယာနဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဆွာရက်ဇ်အနေနဲ့ အချိန်တိုအတွင်းမှာ ဗိုင်းရပ်စ်ပျောက်ကင်းဖို့က မလွယ်ကူတာကြောင့် ၃ ရက်သာခြားပြီးကစားရမယ့် အသင်းဟောင်းဘာစီလိုနာနဲ့ပွဲကိုလည်း သေချာပေါက်လွဲချော်တော့မှာဖြစ်လို့ စိတ်ပျက်စရာအခြေအနေဖြစ်ခဲ့ရပါတယ်။

အသင်းဟောင်းနဲ့ ပြန်လည်ကစားရချိန်မှာ ဂိုးသွင်းနိုင်ဖို့ကြိုးစားပြီး တခုခုလုပ်ပြမယ်လို့ ပြောခဲ့ဖူးတဲ့ ဆွာရက်ဇ်ကြောင့် အက်သလက်တီကိုနဲ့ ဘာစီလိုနာပွဲစဉ်ကို ပရိသတ်တွေက စိတ်ဝင်တစားစောင့်မျှော်နေခဲ့ကြပါတယ်။ အေတီကိုအတွက်လည်း ဆွာရက်ဇ်က ၆ ပွဲကစားပြီး ၅ ဂိုးသွင်းယူပေးထားလို့ အသင်းဟောင်းကို ဂိုးပြန်သွင်းနိုင်မယ်လို့ မျှော်လင့်နေချိန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုက ဆွာရက်ဇ် နဲ့ ပရိသတ်တွေရဲ့ ဆန္ဒကို ပျက်ပြယ်စေခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က