အသင်းရဲ့အထက်မှာ ဘယ်သူမှ မရှိဘူးလို့လည်း မီဒိုက ‌ထောက်ပြခဲ့ပါတယ်။
Kyaw Ko Ko Sint

ဆာလာကတော့ အီဂျစ်အသင်းနဲ့ အာဖရိကနိုင်ငံများ ဖလားခြေစစ်ပွဲ ကကစားခင် ရက်ပိုင်းအလိုမှာ အကိုဖြစ်သူ ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့မိလို့ ကိုဗစ်ကူးစက်ခံရကာ နိုင်ငံအသင်းအတွက် ပေးဆပ်ခွင့်လက်လွှတ်ဆုံးရှုံး လိုက်ရသူ ဖြစ်ပါတယ်။

အကိုဖြစ်သူရဲ့ မင်္ဂလာဆောင်ကို သွားရာမှာ ကိုဗစ် ကူးစက်ခံခဲ့ရတဲ့ ဆာလာကို သူရဲဘောကြောင်တဲ့လုပ်ရပ် လုပ်ခဲ့တယ်လို့ အီဂျစ်လက်ရွေးစင်ဟောင်း မီဒိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။

ကိုဗစ်ကြောင့် ဆာလာအနေနဲ့ အီဂျစ်အသင်းရဲ့ အရေးပါတဲ့ ပွဲစဥ်ကို လွဲချော်ခဲ့ရသလို ကလပ်အသင်းဖြစ်တဲ့ လီ ဗာပူးအသင်းနဲ့လည်း ဆက်လက် လွဲချော်ဖွယ်ရှိနေပါတယ်။

ဆာလာကို မီဒိုက အပြစ်တင်ရတဲ့ အကြောင်းကတော့ ကမ္ဘာနှင့်အဝှမ်း ကိုဗစ်ကူးစက်မှုကြောင့် လူစုလူဝေး မပြု လုပ်ကြဖို့ မှာကြားထားချိန်မှာ ဆာလာအနေနဲ့ ကိုင်ရိုမြို့က မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ရာနှင့်ချီးသော လူအုပ်ကြီးနှင့်တကွ တက်ရောက်ခဲ့တာကို မီဒိုက အပြစ်တင်ခြင်းဖြစ်သလို နားမလည်နိုင်လည်း ဖြစ်နေပါတယ်။

ဆာလာရဲ့ လုပ်ရပ်ကြောင့် အီဂျစ်ရဲ့ အရေးကြီးပွဲကို လွဲချော်ခဲ့ရတဲ့ ဖြစ်စဥ်ကြောင့် ဆုံးရှုံးနစ်နာခဲ့ရမှုတွေကို အီဂျစ်နှင့်လီဗာပူးအသင်းတို့က ရေတွက်သွားမှာြဖစ်ပြီး အခုလို လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့တဲ့ ဆာလာကို စီမံ ခန့်ခွဲမှု တာဝန်ရှိသူများကတော့ ဝေဖန်မှုတွေ ခံနေရပါပြီ။

“နောက်ထပ် ဝေဖန်ရင် ကျွန်တော် တိုက်ခိုက်ခံရတော့မှာ သိပေမယ့် ဒီလိုပဲ ဖြစ်ရမှာပဲ၊ပွဲကစားဖို့ ရက်အနည်း ငယ်အလိုမှာ သူ့အကို မင်္ဂလာဆောင်ကို တက်ရောက်လိုက်တာ ဆာလာရဲ့ အကြီးမားဆုံး အမှားပါပဲ၊ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ဆောင်ကြဥ်မှုတွေကို လစ်လျူရှုခဲ့ပြီး နောက်ဆုံး ရလိုက်တာက ကိုဗစ် ကူးစက်ခံလိုက်ရတာပါပဲ။” လို့ အေဂျက်နှင့်စပါးကစားသမားဟောင်း မီဒိုက ဝေဖန်ထောက်ပြခဲ့ပါတယ်။

ဆာလာအနေနဲ့ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲမှာ အောင်မြင်ရေးအတွက် အရေးပါတဲ့ တိုဂိုအသင်းနဲ့ပွဲမှာ မပါဝင်လိုက်နိုင်ပေမယ့် အီဂျစ်အသင်းကတော့ ကံကောင်းထောက်မစွာဖြင့် ၁-၀ ဂိုးနဲ့ ကပ်အနိုင်ရလိုက်ပါတယ်။

ဆာလာရဲ့ လုပ်ရပ်ဟာ မမှားဘူးလို့ ဘယ်သူမှ မပြောနိုင်တဲ့ အနေအထားဖြစ်ပြီး လက်ရှိ ကာလမှာ အရာရာကို ကြောက်ရွံ့သင့်တယ်လို့လည်း မီဒိုက ဆက်လက်ပြောပါတယ်။

“အင်္ဂလိပ်သတင်းစာတွေ အကုန်လုံးက ကျွန်တော်တို့ကို ဆန့်ကျင်ရေးသားနေကြပါပြီ၊ဆာလာကတော့ သူ့လုပ် ရပ်အတွက် အပြစ်တင်ခံရသင့်ပါတယ်။ဒါပေမယ့် လူတိုင်းတော့ ကြောက်သင့်ပါတယ်၊တစ်ခုပြောချင်တာက ၂၀၀၆တုန်းက အာဖရိကနိုင်ငံများ ဖလားမှာ ကျွန်တော်လွဲတုန်းက ဗိုလ်လုပွဲပါ မကစားရတော့ဘူး။ပြီးတော့ နိုင်ငံ အသင်းကနေလည်း ၆လပိတ်ခံရတယ်။အကျိုးဆက်ကဘာဖြစ်လဲ ဗိုလ်လုပွဲမှာ ရှံးတယ်လေ။ငယ်ငယ်တုန်းက အသင်းထက် ကျွန်တာ်က ပိုအ‌ရေးကြီးတယ် ထင်ခဲ့ဖူးတယ် အမှန်က အသင်းထက်မှာ ဘယ်သူမှ မရှိနေပါဘူး။ တကယ်လို့ တစ်ယောက်ယောက်က သူက အသင်းထက် ပိုမို မြင့်မြတ်တယ်ထင်နေရင်တော့ သေချာပေါက် ရှုံးနိမ့်လိုက်တာပါပဲ။”လို့ မီဒိုက ဆာလာကို ဝေဖန်ထောက်ပြ ပြောလာခဲ့ပါတယ်။

ဆာလာရဲ့ အီဂျစ်အသင်းကတော့ ယနေ့ညမှာ နောက်ထပ် ပွဲစဥ်အဖြစ် တိုဂိုအသင်းနဲ့ပဲ အဝေးကွင်းသွားကစားရ ဦးမှာ ဖြစ်ပြီးဆာလာအပြင် သူ့ဆီက ထပ်မံ ကူးစက်တယ်လို့ ယူဆနိုင်တဲ့ ကွင်းလယ်လူ အယ်နန်နီပါ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က