သမိုင်းတလျှောက် အဆိုးဝါးဆုံးပွဲတွေထဲက တစ်ပွဲဖြစ်လာခဲ့ပါပြီ။
Pyae Phyo Thein

နှစ်ပေါင်း ၉၀ အတွင်းမှာ အဆိုးရွားဆုံးရှုံးပွဲနဲ့ ဂျာမနီတို့ရင်ဆိုင်ခဲ့ရပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်ကို ခြောက်ဂိုးအထိ ခွင့်ပြုခဲ့ရတာလည်းဖြစ်လာခဲ့ပါတယ်။ 


နည်းပြဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းဟာ နေးရှင်းလိဂ်အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အဖြစ် စပိန်နဲ့ကစားခဲ့ရာမှာ ၆ ဂိုးပြတ်နဲ့ အရှက်ရဖွယ်အရေးနိ်မ့်ခဲ့ရပါတယ်။ နှစ်ပေါင်း ၉၀ အတွင်းမှာ အဆိုးရွားဆုံးရှုံးပွဲနဲ့ ဂျာမနီတို့ရင်ဆိုင်ခဲ့ရပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်ကို ခြောက်ဂိုးအထိ ခွင့်ပြုခဲ့ရတာလည်းဖြစ်လာခဲ့ပါတယ်။ 

ဂျာမနီဟာ ပွဲကစားချိန်အတွင်းမှာလည်း စပိန်ကို အဖက်ဖက်ကမယှဉ်နိုင်ခဲ့ဘဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၃၀% သာရရှိခဲ့သလို ဂိုးပေါက်တည့်မှုက တစ်ကြိမ်တည်းသာရှိခဲ့ကာ နာဘရီရဲ့ ဘားတန်းထိခဲ့တဲ့ ဂိုးသွင်းယူမှုတစ်ခုတည်းကသာ ဂိုးရဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပြီး စပိန်ရဲ့ စိတ်တိုင်းကျခြယ်လှယ်ခြင်းကို ခံခဲ့ရပါတယ်။

စပိန်ကတော့ ဂိုးကန်သွင်းချက် ၂၃ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ၁၈ ကြိမ်က ပယ်နယ်တီဧရိယာအတွင်းကနေ ကန်နိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးတောင်ပံကစားသမားဖာရန်တောရက်စ်က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဂျာမနီကို ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးစပိန်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကာ စပိန်က ပထမဆုံးအကြိမ်အဖြစ် ဂျာမနီကို ပထမပိုင်းမှာပဲ ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ 

၂၀၀၁ ခုနှစ်မှာ အင်္ဂလန်ကို ၅-၁၊ ၁၉၅၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဟန်ဂေရီကို ၈-၃ တို့နဲ့ အရေးနိမ့်ခဲ့တာထက် ပိုမိုဂိုးပြတ်တဲ့ ရှုံးပွဲကို ဂျာမနီတို့ရင်ဆိုင်ခဲ့ရပြီး အသင်းသမိုင်းမှာ အဆိုးရွားဆုံးရှုံးပွဲတွေထဲကတစ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြဂျိုအာချင်လိုက အရာအားလုံးမှားယွင်းခဲ့တယ်လို့ စိတ်ပျက်လက်ပျက်နဲ့ ညည်းညူခဲ့ပြီး စပိန်ကတော့ နေးရှင်းလိဂ်နောက်ဆုံးအဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။


စပိန်နဲ့အတူ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ နယ်သာလန် (သို့) ပိုလန်တို့က ဆီမီးဖိုင်နယ်ပွဲတွေအဖြစ် ကစားသွားရမှာဖြစ်ပါတယ်။ 


Author


က္က