အဝေးကွင်းမှာ ၆ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။
Pyae Phyo Thein

ပထမပိုင်းမှာ ၃ဂိုး၊ ဒုတိယပိုင်း ၃ ဂိုးပေးခဲ့ရပြီး ဂျာမနီဟာ အရှက်ရဖွယ်အရေးနိမ့်ခဲ့ရကာ နေးရှင်းလိဂ်နောက်ဆုံးအဆင့်နဲ့လည်း ဝေးကွာခဲ့ရပြီဖြစ်ပါတယ်။ 


ဂျာမနီအသင်းရဲ့ကွင်းလယ်လူတိုနီခရူးစ်က စပိန််အသင်းဟာ ဘောလုံးကစားရလဲဆိုတာ သူတို့ကို ပြသသွားခဲ့တယ်လို့ စပိန်ကို ၆-၀ နဲ့ အရေးနိမ့်ခဲ့အပြီးမှာ ညည်းတွားပြောဆိုလိုက်ပါတယ်။ ပထမပိုင်းမှာ ၃ဂိုး၊ ဒုတိယပိုင်း ၃ ဂိုးပေးခဲ့ရပြီး ဂျာမနီဟာ အရှက်ရဖွယ်အရေးနိမ့်ခဲ့ရကာ နေးရှင်းလိဂ်နောက်ဆုံးအဆင့်နဲ့လည်း ဝေးကွာခဲ့ရပြီဖြစ်ပါတယ်။ 

ဘောလုံးပိုင်ဆိုင်မှု ၃၀% သာရှိခဲ့ပြီး possession game ကို အသားပေးကစားတဲ့ အသင်းနှစ်သင်းကြား ကြီးမားတဲ့ကွာဟချက်တွေရှိနေခဲ့ပါတယ်။ စပိန်က ဂိုးကန်သွင်းချက် ၂၃ ကြိမ်အထိရရှိခဲ့ချိန်မှာ ဂျာမနီက ၂ကြိမ်သာရရှိခဲ့တဲ့အထိ ပြတ်ပြတ်သားသားဖြစ်နေခဲ့ပြီး လက်ရွေးစင်အသင်းသမိုင်းမှာလည်း မှတ်တမ်းဆိုးတွင်ခဲ့ရပါတယ်။ 

"နာကျင်ရပါတယ်၊ ခံစစ်ပိုင်း၊ ကျွန်တော်တို့အားလုံး ဘယ်လိုမှလက်ခံနိုင်စရာကိုမရှိခဲ့ပါဘူး၊ စပိန်က ခံစစ်ဘယ်လိုကစားရလဲ၊ ဘောလုံးပိုင်ဆိုင်ချိန်မှာရော၊ မပိုင်ဆိုင်ချိန်မှာပါ ဘယ်လိုကစားရလဲဆိုတာကို ပြသွားခဲ့တာပါ" လို့ ခရူးစ်က ARD သတင်းဌာနကို တိုတိုတုတ်တုတ်ပဲ ပြောဆိုခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ကစားပုံကို ချီးကျူးခဲ့ပါတယ်။ 

ဂျာမနီဟာ ၁၂ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်ကို တင်ထားခဲ့ပြီး သူတို့ရဲ့ နောက်ဆုံးရှုံးပွဲဟာ ၂၀၁၉ စက်တင်ဘာလအတွင်း နယ်သာလန်ကို ၄-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲလည်းဖြစပါတယ်။ ကမ္ဘာ့အဆင့်တစ်ဂိုးသမား နူအာစောင့်ကြပ်နေတဲ့ ဂိုးပေါက်ထဲကို စပိန်က ခြောက်ကြိ်မ်တိတိဂိုးဝင်အောင် ကန်သွင်းယူနိုင်ခဲ့တာကလည်း ဂျာမနီအတွက် ပိုမိုပြီးခံပြင်းစရာဖြစ်ခဲ့ရပါတယ်။ 

"ခံစစ်သမားတွေအတွက်ပဲ မဟုတ်ပါဘူး၊ တစ်သင်းလုံးစိတ်ပျက်စရာဖြစ်ခဲ့ရတာပါ၊ တစ်ဦးချင်းစီမှာလည်း တာဝန်ရှိပါတယ်" လို့ နူအာက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က