ယူကရိန်းအသင်းကို အရေးယူမှု လုပ်နိုင်ပါတယ်။
Kyaw Ko Ko Sint

ဒီကိစ္စဟာ နိုင်ငံအသင်းတွေအတွက် အရေးမပါတော့ပေမယ့် ကိုဗစ်ဖြစ်လို့ သီးသန့် နေထိုင်ရပါက ကလပ် အသင်းတွေလည်း ဆက်လက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြန်ပါတယ်။

ညက ကစားရမယ့် နေးရှင်းလိဂ် ပွဲစဥ်တွေထဲက ဆွစ်ဇာလန်နဲ့ယူကရိန်းတို့ ကစားမယ့်ပွဲဟာ ပွဲမကစားခင် နာရီပိုင်းအလိုလောက်မှ ကပ်ပြီး ပွဲပျက်သွားပါတယ်။

အကြောင်းကတော့ အဝေးကွင်းလာကစားတဲ့ ယူကရိန်းအသင်းက ကစားသမား ၃ဦးအထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ယူကရိန်း တစ်သင်းလုံး ကွာရန်တင်း ဝင်နေရပြီ ဖြစ်ပြီး အခုလို ကိုဗစ်ကူးစက်ခံရတဲ့ အကြောင်းရင်း ကိုတော့ ယူအီးအက်ဖ်အေက ရှာဖွေ စုံစမ်းပြီး အရေးယူဖို့ ရှိနေပါပြီ။

နည်းပြ ရှက်ချင်ကိုရဲ့ ယူကရိန်းအသင်းကတော့ နိုင်ပွဲလုံးဝမရသေးတဲ့ ဆွစ်ဇာလန်အသင်းကို အဝေးကွင်းလာ မကစားခင် ဂျာမနီအသင်းနဲ့ ကစားထားပါသေးတယ်။

ဂျာမနီကို ၃-၁နဲ့ ရှုံးနိမ့်ထားပြီး အခု ကိုဗစ်ကူးစက်ခံရတာ တွေ့ရှိလာလို့ ဂျာမနီအသင်းနဲ့ မနေ့ညမှာ ဂျာမနီနဲ့ ရင်ဆိုင်ခဲ့တဲ့စပိန်အသင်းစတဲ့အသင်းသားတွေလည်း ကိုဗစ် မဖြစ်မနေ အရေးပေါ် စစ်ဖို့ လိုအပ်နေပြီ ဖြစ်ပါ တယ်။

ဒီကိစ္စဟာ နိုင်ငံအသင်းတွေအတွက် အရေးမပါတော့ပေမယ့် ကိုဗစ်ဖြစ်လို့ သီးသန့် နေထိုင်ရပါက ကလပ် အသင်းတွေလည်း ဆက်လက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြန်ပါတယ်။

ဒါကြောင့် ယူကရိန်းအသင်းမှာ ကစားသမား ၃ဦးထိ အရေအတွက် မြင့်မားစွာ ကိုဗစ် ကူးစက်ခံထားရတာရဲ့ အဓိက အကြောင်းအရင်း ရာဇဝင်က ပိုမို စိတ်လှုပ်ရှားဖို့ ကောင်းနေပါပြီ။


ဆက်စပ်အကြောင်းအရာများ


Author


က္က