ပထမပိုင်းမပြီးခင်မှာပဲ ရာမို့စ် လူစားလဲခံခဲ့ရတာပါ။
Kyaw Ko Ko Sint

ရာမို့စ်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး နည်းပြ အင်းနရစ်ကတော့ ရီးရဲအတွက် စိတ်မကောင်းကြောင်း ပွဲအပြီး သတင်း စာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဂျာမနီကို ၆ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စပိန်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် ပေါင်ကြွက်သား ဒဏ်ရာရသွားလို့ ပထမပိုင်း မပြီးခင်မှာပဲ လူစားလဲခဲ့ရပါတယ်။

ရာမို့စ်ထွက်ခွာသွားချိန်မှာ စပိန်က ၃ဂိုးပြတ်နဲ့ ဦးဆောင်ထားနှင့်ပြီ ဖြစ်ပြီး ပွဲအပြီးမှာတော့ ရာမို့စ်အနေနဲ့ ကြောက်မက်ဖွယ်ဒဏ်ရာမျိုး ရရှိတာ မဟုတ်ဘူးလို့ စပိန်နည်းပြ အင်းနရစ်က ထုတ်ပြန်ပေးခဲ့ပါတယ်။

“သူ့ဒဏ်ရာက သိပ် အရမ်းကြီး စိုးရိမ်ရလောက်မယ့် ဒဏ်ရာမျိုး မဟုတ်ဘူးလို့ ယုံကြည်ပါတယ်၊ဒါပေမယ့် လည်း ဒီလို ဒဏ်ရာရသွားတာကတော့ သူ့ရဲ့ ကလပ်အသင်းအတွက် စိတ်မကောင်းသလို လူတိုင်းအတွက်လည်း မနှစ်မျို့စရာပဲလေ။”လို့ အင်းနရစ်က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီအချိန်မှာတော့ ရာမို့စ်ရဲ့ ကလပ်အသင်းနည်းပြ ဇီဒန်းကတော့ ရာမို့စ်ကို စောစောအနားပေးပြီး အသင်းကို ရှေ့ ဆက်လျှာက်ရမယ့် ပွဲစဥ်များစွာအတွက် ပြန်လည်တည်ဆောက်သွားဖွယ်လည်း ရှိနေပါတယ်။

အခု နိုင်ငံတကာပွဲတွေအပြီး ပြန်ကစားမယ့် ကလပ်အသင်းပွဲစဥ်တွေမှာတော့ ရီးရဲဟာ အဆင့် ၂က ဗီလာရီးရဲကို အဝေးကွင်းသွားကစားရမှာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ချန်ပီယံလိဂ်ပွဲတွေအတွက် ပြင်ဆင်နေရမှာ ဖြစ်သလို ပြည်တွင်းလိဂ်မှာလည်း အလာဗက်စ်၊ ဆီဗီလာတို့နဲ့ အကြိတ်အနယ် ဆင်နွှဲရပါဦးမယ်။

အဓိက ကစားသမားတွေ ဒဏ်ရာရနေတာဟာ ဇီဒန်းအတွက်တော့ ခေါင်းခဲစရာ ဆိုပေမယ့်လည်း ဒါဟာ သူတစ်သင်းတည်းရင်ဆိုင်နေရတာတော့ မဟုတ်ပါဘူး။

လက်ရှိ ဒဏ်ရာရသွားတဲ့ ရာမို့စ်ကိုလည်း ရီးရဲအသင်းအနေနဲ့ ရာသီအကုန်မှာ အလွတ်ထွက်ခွာခွင့်ပေးရတော့မှာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားရမှာပါ။

ဒါပေမယ့် ရာမို့စ်ကို ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းက ရီးရဲထက် သာလွန်နိုင်မယ့် ပမာဏမျိုးနဲ့ ကမ်းလှမ်းမှု ရှိလို့ ဒီရာသီဟာ ရာမို့စ်နဲ့ ရီးရဲရဲ့ သံယောဇဥ် နောက်ဆုံးခန်း ဖြစ်လာမလားဆိုတာကလည်း စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က