ဂျိုအာချင်လိုက ဂျာမနီကို ၂၀၀၆ ကမ္ဘာ့ဖလားကစတင်ပြီး တာဝန်ယူလာတာပါ။

၂၀၀၆ကစတင်ပြီး ဂျာမနီအသင်းကို အောင်မြင်တစ်လှည့်၊ရှုံးနိမ့်တစ်လှည့် ဦးဆောင်လာခဲ့တဲ့ နည်းပြကြီး ဂျိုအာ ချင်လိုတစ်ယောက် အခုချိန်မှာတော့ စပိန်အသင်းကို အရှက်တကွဲ ရှုံးနိမ့်ပြီး နေးရှင်းလိဂ်ပြိုင်ပွဲကလည်း ထွက်ခဲ့ရပြီ ဖြစ်လို့ သူ့ရဲ့ နည်းပြရာထူးအတွက် စိုးရိမ်နေရပြီလားဆိုတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။

ဂျာမနီအသင်းကတော့ စပိန်အသင်းကို နေးရှင်းလိဂ် အုပ်စုပြိုင်ပွဲမှာ ၆ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် နည်းပြ ဖြစ်သူ ဂျိုအာချင်လိုအနေနဲ့မူ သူ့ရဲ့ နည်းပြ ရာထူး ပြုတ်သွားမှာကို စိုးရိမ်စရာ မလိုဘူးလို့ ဂျာမနီလက်ရွေးစင်အသင်းရဲ့ ဒါရိုက်တာ အိုလီဗာဘီယာ‌ဟော့ဖ်က ထုတ်ဖော်ပြောလာပါတယ်။



ဆီဗီလာမှာကစားခဲ့တဲ့ အဆိုပါပွဲမှာ ဂျာမနီအသင်းအနေနဲ့စပိန်ကို ၆-၀ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်သလို စပိန်ကစား သမား တောရက်စ်ဟာလည်း ဂျာမနီအသင်းဖက်ကို ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ စပိန် ကစားသမား ဖြစ်လာခဲ့ပါတယ်။

အရှုံးကြောင့် ဂျာမနီဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်တက်လှမ်းခွင့် လွဲချော်ခဲ့ပေမယ့် နည်းပြ ဂျိုအာချင်လိုကတော့ လက်ရှိ ရာထူးကို ဆုံးရှုံးမှာ မဟုတ်ဘူးလို့ သိရတာပါ။

ချင်လိုဟာ ဂျာမနီကို ၂၀၀၆ကမ္ဘာ့ဖလားက စတင်တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပြီး အဆိုပါနှစ်က တတိယရခဲ့ပြီး ၂၀၁၄ကမ္ဘာ့ဖလားမှာတော့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အံ့အားသင့်ဖွယ် အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရသလို အခုလည်း နေးရှင်းလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှု မရရှိထားပါဘူး။

ဒီလို ဂျာမနီအသင်းနှင့်အတူ နိမ့်ချည်မြင့်ချည် အတူရှိနေခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီး လာမယ့် ယူရို ၂၀၂၁ ပြိုင်ပွဲ ကြီးကိုလည်း နည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားမှာပါလို့ အသင်းရဲ့ ဒါရိုက်တာ အိုလီဗာက ဆိုပါတယ်။

“နိုင်ငံ လက်ရွေးစင်နည်းပြဆိုတာကတော့ ပြိုင်ပွဲတစ်ခုနဲ့တစ်ခု အမြဲတမ်း စစ်တမ်းလုပ်နေရတာပါပဲ၊ကျွန်တော် တို့ အဓိက အမြင့်ဆုံး လိုချင်တာက လာမယ့် ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုပါ၊အခုရှုံးနိမ့်မှုကို အချိန်ယူပြင်ဆင်ရ မယ်၊အခုလိုမျိုး လွယ်လွယ်နဲ့ ထပ်ရှုံးလို့တော့ မရဘူးပေါ့။”လို့ အိုလီဗာဘီယာဟော့ဖ်က ဆိုပါတယ်။

ဂျိုအာချင်လိုရဲ့ဂျာမနီအသင်းကတော့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ဘရာဇီးကို အိမ်ရှင်ပရိသတ် ရှေ့ မှောက်မှာ ၇-၁ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရဖူးခဲ့သလို အခုအခါမှာလည်း စပိန်အသင်းရဲ့ ၆ဂိုးပြတ်အနိုင်ယူမှုကို ပြန်ခံ ခဲ့ရတာကြောင့် ဘောလုံးမှာ တစ်သမတ်ထဲ ရှိမနေနိုင်ဘူးဆိုတာကို ပြသနေတာဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကို ပျောက်ဆုံးမသွားအောင်သာ ထိန်းသိမ်းနိုင်ဖို့လိုတယ်လို့လည်း အိုလီဗာက ဆက်လက်သုံးသပ်ပြောခဲ့ပါသေး တယ်။

ဂျာမနီအသင်းကတော့ ဥရောပဖလားကို ၁၉၉၆က နောက်ဆုံးရရှိထားခဲ့ပြီး အဲ့ဒီတုန်းက ချက်ရီပတ်ဗလစ်အ သင်းကို ၂-၁ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။

ပြိုင်ပွဲသမိုင်းမှာတော့ ချန်ပီယံ ၃ကြိမ်၊ဒုတိယ ၃ကြိမ်နဲ့ ဗိုလ်လုပွဲကို ၆ကြိမ်အထိ တက်ရောက်ထားနိုင်ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က