ချယ်လ်ဆီးရဲ့လက်ရှိတိုက်စစ်မှူးဟာ တိုက်စစ်မှူးဟောင်းဖြစ်သူရဲ့ လှည့်စားခြင်းကိုခံခဲ့ရပါတယ်။
Pyae Phyo Thein

စပိန်က ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မိုရာတာက အသင်းအတွက်တစ်ဂိုးသွင်းယူပေးခဲ့ပြီး ၀ါနာထက် ပိုမိုခြေစွမ်းပြခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 


ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ မိုရာတာဟာ စပိ်န်နဲ့ ဂျာမနီတို့ရဲ့ပွဲစဉ်မှာ အသင်းဟောင်းတိုက်စစ်မှူးလည်းဖြစ်၊ ဂျာမနီတိုက်စစ်မှူးလည်းဖြစ်တဲ့ တီမိုဝါနာကို လှလှပပပညာပြသွားခဲ့ပါတယ်။ စပိန်က ၆-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မိုရာတာက အသင်းအတွက်တစ်ဂိုးသွင်းယူပေးခဲ့ပြီး ၀ါနာထက် ပိုမိုခြေစွမ်းပြခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ချယ်လ်ဆီးမှာ အောင်မြင်မှုမရခဲ့ဘဲ အက်သလက်တီကိုကို ပြောင်းရွှေ့ခဲ့ရပြီး လက်ရှိမှာ ဂျူဗင်တပ်စ်အသင်းအတွက် ကစားပေးကာ မိုရာတာက ခြေစွမ်းပြနေခဲ့ပါတယ်။ ဒီပုံစံကောင်းကို လက်ရွေးစင်အသင်းအထိ မိုရာတာက ယူဆောင်လာခဲ့ပြီး မနေ့ကပွဲမှာလည်း ၀ါနာနဲ့ တစ်ဦးချင်းဘောလုံးယှဉ်လုခဲ့ရာမှာတော့ မိုရာတာက လှလှပပလှည့်ထွက်ကာ ကျော်ဖြတ်ပြခဲ့ပါတယ်။ 



မိုရာတာနဲ့ ဘောလုံးယှဉ်လုဖို့ ပြေးလာခဲ့တဲ့ ၀ါနာဟာ စပိန်သားရဲ့လှည့်ကွက်အောက်ကို ရောက်ခဲ့ရပြီး ဘောလုံးဆုံးရှုံးခဲ့ပါတယ်။ မိုရာတာက လိမ်ခေါက်ခဲ့မှုက တွစ်တာပေါ်မှာ ရေပန်စားနေခဲ့ပြီး အသင်းဟောင်းတိုက်စစ်မှူးကို လှလှပပပညာပြခဲ့တယ်လို့ ပရိသတ်တချို့က ချီးကျူးပြောဆိုနေခဲ့ကြပါတယ်။ 

အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကိုလည်း မိုရာတာက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘောလုံးရောက်ရှိလာမယ့်နေရာကို ချိ်န်ဆတွက်ချက်ပြီးနောက် အကောင်းဆုံးအဆုံးသတ်ပြခဲ့တာဖြစ်ပြီး နူအာဘယ်လိုမှမတတ်နိုင်ခဲ့ဘဲ ဂိုးအဖြစ် ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့်လည်း မိုရာတာကတော့ သွင်းဂိုးထက် ၀ါနာကိုလှည့်စားခဲ့မှုက ပိုပြီးတော့ ထင်ရှားခဲ့တဲ့ ပွဲစဉ်ဖြစ်လာခဲ့ရပါတယ်။ 


Author


က္က