အနားယူခဲ့ပြီးဖြစ်ပေမယ့် အသင်းရှုံးပွဲကိုတော့ မချိတင်ကဲဖြစ်ခဲ့ပုံရပါတယ်။
Pyae Phyo Thein

ပွဲပြီးတာနဲ့တပြိုင်နက် အိုဇေးလ်က ရေးသားပြောဆိုခဲ့တာဖြစ်လို့ ဒီပွဲရှုံးနိမ့်မှုက သူ့အတွက်လည်း စိတ်ပိုင်းဆိုင်ရာအရ တစ်စုံတစ်ရာခံစားချက်ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ ထင်ရှားစေခဲ့ပါတယ်။ 


လက်ရွေးစင်အသင်းကအနားယူခဲ့ပေမယ့်လည်း စပိန်ကို ဂျာမနီက ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ကွင်းလယ်လူအိုဇေးလ်ဟာ နိုင်ငံအသင်းအတွက် ဘာလုပ်သင့်လဲဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စပိန်ကို ခြောက်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာဟာ ဂျာမနီအတွက်တော့ တော်တော်လေးအရှက်ရဖွယ်ရှုံးနိမ့်မှုလည်းဖြစ်လာခဲ့ပါတယ်။ 

အဆိုပါပွဲအပြီးမှာ အိုဇေးလ်က လက်ရွေးစင်အသင်းအနေနဲ့ နောက်ခံလူဟောင်းဘိုတန်ကို ပြန်လည်ရွေးချယ်သင့်ပြီလို့ တွစ်တာမှာရေးသားပြောဆိုခဲ့ပါတယ်။ ဂျိုအာချင်လိုကတော့ သူ့လက်ထက်မှာ ဘိုတန်နဲ့ မူလာတို့ကို လျစ်လျူရှုထားခဲ့ပြိး အသွင်သစ်နဲ့ ဂျာမနီအသင်းကို တည်ဆောက်ခဲ့ကာ အကောင်းဆုံးပုံစံဖြစ်လာစေဖို့ မျှော်လင့်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း စပိန်နဲ့ပွဲမှာ ကြီးမားတဲ့ဂိုးပြတ်ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် လက်ရွေးစင်အသင်းသားဟောင်းတွေက အားနည်းနေတဲ့ ခံစစ်ကြောင်းကို ကူညီပေးနိုင်လိမ့်မယ်လို့ အိုဇေးလ်က အကြံပေးခဲ့တာဖြစ်ပါတယ်။ ပွဲပြီးတာနဲ့တပြိုင်နက် အိုဇေးလ်က ရေးသားပြောဆိုခဲ့တာဖြစ်လို့ ဒီပွဲရှုံးနိမ့်မှုက သူ့အတွက်လည်း စိတ်ပိုင်းဆိုင်ရာအရ တစ်စုံတစ်ရာခံစားချက်ဖြစ်ပေါ်စေခဲ့တယ်ဆိုတာ ထင်ရှားစေခဲ့ပါတယ်။ 

အိုဇေးလ်ကတော့ ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ တူရကီသမ္မတအာဒိုဂန်နဲ့ တွေ့ဆုံခဲ့တဲ့နောက် ဝေဖန်မှုတွေခံခဲ့ရပြီး လက်ရွေးစင်ကစားသမားဘဝကိုပါ အဆုံးသတ်ပစ်ခဲ့ရပါတယ်။ အဆိုပါအချိန်တုန်းကတော့ သူနဲ့အာဒိုဂန်တို့ တွေ့ဆုံခဲ့မှုမှာ ဘယ်လိုနိုင်ငံရေးအရောင်အသွေးမှ မပါဝင်ခဲ့ဘူးလို့ အိုဇေးလ်က ဖြေရှင်းခဲ့ပြီး လက်ရွေးစင်အသင်းကနေ အငြင်းပွားဖွယ်ရာ အနားယူခဲ့ရတာပဲဖြစ်ပါတယ်။ 


Author


က္က