ဒီနှစ်မှာ ချန်ပီယံအသင်းသစ် ထွက်ပေါ်လာတော့မှာပါ။
Pyae Phyo Thein

အုပ်စုပွဲစဉ်တွေအပြီးမှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ဘယ်လ်ဂျီယံတို့က နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ကစားခွင့်ရရှိခဲဲ့ပြီဖြစ်ပါတယ်။ 


နေးရှင်းလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေကတော့ မနေ့က အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ ပုံစံအသစ်နဲ့ ကျင်းပတဲ့ ဒီပြိုင်ပွဲဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဆန်းသစ်တီထွင်မှုနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက်ပါ အကျိုးသက်ရောက်မှုရှိတာကြောင့် အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေဖြစ်ခဲ့ပြီး ဒီနှစ်ကတေ့ာ ဒုတိယမြောက်ပြိုင်ပွဲဖြစ်ပြီး ချန်ပီယံအသင်းသစ်ထွက်ပေါ်လာဖို့ ရှိနေပါပြီ။

ပထမဆုံးအကြိမ်ကျင်းပခဲ့မှုမှာ ပေါ်တူဂီအသင်းက ချန်ပီယံဖြစ်ခဲ့ပြီး ဒီနှစ်မှာတော့ ပေါ်တူဂီက အုပ်စုတွင်း ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ မနေ့က အဆုံးသတ်ခဲ့တဲ့ အုပ်စုပွဲစဉ်တွေအပြီးမှာ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ပြင်သစ်၊ အီတလီ၊ စပိန်နဲ့ ဘယ်လ်ဂျီယံတို့က နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ကစားခွင့်ရရှိခဲဲ့ပြီဖြစ်ပါတယ်။ 

ဆီမီးဖိုင်နယ်အဆင့်အဖြစ်ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းနှစ်သင်းက ဗိုလ်လုပွဲကစားရမှာဖြစ်ကာ ရှုံးနိမ့်တဲ့အသင်းကတေ့ာ တတိယနေရာလုပွဲကစားသွားရမှာဖြစ်ပါတယ်။ အီတလီမှာ ကျင်းပသွားမယ်လို့ သိရပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို တစ်ရက်တည်း ကစားသွားမှာဖြစ်ပြီး   ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေလည်း တစ်ရက်တည်းပဲ ကျင်းပသွားမှာပါ။

ဂျူဗင်တပ်စ်အသင်းရဲ့ အိမ်ကွင်း ဒါမှမဟုတ် မီလန်အသင်းနှစ်သင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ဆန်စီရိုမှာ ကျင်းပသွားဖို့ လျာထားပြီး အကြိတ်အနယ်ရှိမယ့်ပွဲကောင်းတွေကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့် ၁ ကနေ ၁၀ အတွင်းရပ်တည်နေတဲ့ အသင်းတွေဖြစ်ပြီး ဆုဖလားအသစ်တစ်လုံးကို ဆွတ်ခူးနိုင်မှာဖြစ်တဲ့အပြင် ဂုဏ်သိက္ခာပိုင်းအရလည်း အရေးပါနေလို့ အားကုန်ထုတ်ကစားကြဦးမှာ သေချာပါတယ်။ 


Author


က္က