အသင်းတွင်းဖြစ်သမျှက သူ့ကြောင့်လို့ စွပ်စွဲခံနေရတဲ့အပေါ် တုံ့ပြန်ခဲ့တာပါ။
Pyae Phyo Thein

ဘာစီလိုနာမှာ ဂရစ်မန်းမအောင်မြင်တာဟာ မက်ဆီရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်တယ်လို့ ဂရစ်မန်းရဲ့ အကြံပေးဟောင်းဖြစ်သူက ပြောဆိုခဲ့တဲ့အပေါ် မက်ဆီက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 


အသင်းမှာရှိတဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ ပြသနာတွေဟာ သူ့ခေါင်းအပေါ်ကိုသာ ပုံကျနေပြီး ဒီအတွက် တော်တော်လေးပင်ပန်းနေပြီလို့ မက်ဆီက ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာမှာ ဂရစ်မန်းမအောင်မြင်တာဟာ မက်ဆီရဲ့ လွှမ်းမိုးမှုကြောင့်ဖြစ်တယ်လို့ ဂရစ်မန်းရဲ့ အကြံပေးဟောင်းဖြစ်သူက ပြောဆိုခဲ့တဲ့အပေါ် မက်ဆီက တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်အပိုင်းအခြားကာလတွေမှာ မက်ဆီက ဘာစီလိုနာရဲ့ အထူးအလေးပေးခြင်းခံရတဲ့ ကစားသမားအဖြစ်ရှိနေခဲ့ပါတယ်။ အသင်းတွင်းမှာ သူ့ခြေ၊သူ့လက် စိတ်ကြိုက်လုပ်ခွင့်ရရှိခဲ့ပြီး အသင်းဖော်တွေအပေါ်ကိုလည်း လွှမ်းမိုးမှုအားကြီးခဲ့ကာ အသင်းရဲ့အပြောင်းအရွှေ့တွေမှာလည်း ဝင်ရောက်အကြံပေးခွင့်ရရှိတဲ့ အနေအထားကိုပါ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

မက်ဆီအနေနဲ့ သူ့ရဲ့ပုံရိပ်ကြီးမားနေမှုကို အသုံးချပြီး အသင်းကိုထပ်မံရောက်ရှိလာတဲ့ နာမည်ကျော်ကြယ်ပွင့်တွေကိုပါ လွှမ်းမိုးဖို့နဲ့ သူ့ပုံရိပ်ကို ကျော်ဖြတ်မသွားနိုင်စေဖို့ပါ ပြုမူခဲ့တယ်လို့ မကြာခဏစွပ်စွဲခံနေခဲ့ရပါတယ်။ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို သွားရောက်ကစားပေးပြီး စပိန်ကိုပြန်လာဖို့အတွက် ဘာစီလိုနာက El Prat လေဆိပ်ကိုရောက်ရှိလာခဲ့တဲ့ မက်ဆီကို သတင်းထောက်တွေက မေးမြန်းခဲ့ရာမှာ မက်ဆီက အထက်ပါအတိုင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"အသင်းမှာ ကျွန်တော်က လူတိုင်းကို ပြသနာအမြဲဖြစ်နေစေခဲ့လို့ တော်တော်လေး ပင်ပန်းနေပါပြီ၊ ၁၅ နာရီလောက် ကျွန်တော် လေယာဉ်စီးပြီးတော့ ဒီကိုရောက်လာတာပါ၊ အခွန်အရာရှိတစ်ဦးကလည်း ကျွန်တော့်ကို လာစစ်ဆေးနေခဲ့ပါတယ်၊ တကယ်ကို ရယ်ချင်စရာပဲ" လို့ မက်ဆီက စိတ်ပျက်လက်ပျက်နဲ့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

မက်ဆီဟာ လေဆိပ်မှာ စစ်ဆေးခံနေရတဲ့အပေါ်မှာ စိတ်တိုနေဟန်ရှိပြီး သတင်းထောက်တွေကလည်း လာရောက်မေးမြန်းမှုတွေပြုလုပ်ခဲ့လို့ စိတ်ရှုပ်ထွေးခဲ့ဖွယ်ရှိတယ်လို့လည်း Goal က ဆိုပါတယ်။ ဘာစီလိုနာကတော့ စနေနေ့မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားရမှာဖြစ်ပြီး အဆိုပါပွဲကို ဂရစ်မန်းလည်း ပါဝင်ကစားနိုင်လိမ့်မယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က