သူပါဝင်ကစားပေးမယ်လို့ဆိုခဲ့ပြီး လက်မှတ်ဝယ်ယူပေးကြဖို့ တိုက်တွန်းခဲ့တာပါ။

ပိုဒေါစကီးက သူနှစ်သက်တဲ့အသင်းကို ကယ်တင်ဖို့အတွက် ကြိုးစားလာခဲ့တာပြီး တကယ်လို့သာ Kolner Haie အသင်းရဲ့ ပွဲလက်မှတ်တစ်သိန်းအထိ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အဆိုပါအသင်းအတွက် သူပါဝင်ကစားပေးမယ်လို့ ပိုဒေါစကီးက ကတိပေးခဲ့ပါတယ်။


နာမည်ကျော်ဂျာမနီကစားသမားဟောင်း ပိုဒေါစကီးဟာ ဒေဝါလီခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ဂျာမနီရေခဲပြင်ဟော်ကီအသင်းတစ်သင်းကို ကယ်တင်ပေးခဲ့ပြီဖြစ်ပါတယ်။ တူရကီကလပ် အန်တာလိုင်စပေါ်အသင်းမှာ ကစားနေဆဲဖြစ်တဲ့ အသက် ၃၅နှစ်ရွယ် ကစားသမားက ဒေသခံအသင်းဖြစ်တဲ့ Kolner Haie အသင်းအတွက် ကစားပေးသွားမှာဖြစ်ပါတယ်။ 

အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန် နဲ့ ဂါလာတာစာရေးတို့မှာကစားခဲ့ဖူးတဲ့ ပိုဒေါစကီးဟာ ပိုလန်နွယ်ဖွားဖြစ်ပေမယ့် ဂျာမနီ၊ကိုလုံးမှာ ကြီးပြင်းခဲ့သူဖြစ်ပါတယ်။ သူဟာ ဂျာမနီရဲ့ နာမည်ကျော်ရေခဲပြင်ဟော်ကီအသင်းဖြစ်တဲ့ Kolner Haie ရဲ့ ပရိသတ်တစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုပါအသင်းက အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒီအတွက်ကြောင့် ပိုဒေါစကီးက သူနှစ်သက်တဲ့အသင်းကို ကယ်တင်ဖို့အတွက် ကြိုးစားလာခဲ့တာပြီး တကယ်လို့သာ Kolner Haie အသင်းရဲ့ ပွဲလက်မှတ်တစ်သိန်းအထိ ရောင်းချနိုင်ခဲ့မယ်ဆိုရင် အဆိုပါအသင်းအတွက် သူပါဝင်ကစားပေးမယ်လို့ ပိုဒေါစကီးက ကတိပေးခဲ့ကာ ဘောလုံးသမားဘဝကနေ ဟော်ကီသမားဘဝကို ပြောင်းလဲတော့မှာလည်းဖြစ်ပါတယ်။ 

၂၀၂၀-၂၁ ရာသီအတွက် ပါဝင်ကစားပေးသွားမယ်လို့ဆိုခဲ့တာဖြစ်ပြီး လက်မှတ်ရောင်းချမှုကနေ ရရှိမယ့် ငွေကြေးဟာ Haie အသင်းအနာဂတ်ကို ဆက်လက်ထမ်းပိုးသွားနိုင်မှာလည်းဖြစ်ပါတယ်။ လက်ရှိမှာ အသင်းအနေနဲ့ ၂၀၂၀-၂၁ ရာသီအတွက် ဘဏ္ဍာရေးပိုင်းလုံလောက်မှုမရှိဖြစ်နေပြီး လက်မှတ်ရောင်းချနိုင်ခဲ့မှုက တော်တော်လေးအသက်ရှူချောင်ခဲ့ပြီဖြစ်ပါတယ်။ 

ပိုဒေါစကီးက "ဒီအသင်းအတွက် ကျွန်တော်တကယ်ကိုပျော်ရွှင်မိပါတယ်၊ လက်မှတ်စောင်ရေတစ်သိန်းအထိ ရောင်းချနိုင်ခဲ့ပါပြီ၊ ပါဝင်ကူညီပေးခဲ့သူအားလုံးကိုလည်း တကယ်ကျေးဇူးတင်ပါတယ်၊ အခြေအနေတွေတည်ငြိမ်သွားတာနဲ့ အသင်းနဲ့အတူ ကျွန်တော်ပူးပေါင်းမှာဖြစ်ပြီး ဘာတွေလုပ်သွားမလဲဆိုတာကို မြင်ရမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် Haie ရဲ့ ကစားသမားဖြစ်လာဖို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပိုဒေါစကီးက ပြောဆိုသွားခဲ့ပါတယ်။ 



က္က