ရီးရဲလ်မက်ဒရစ်အတွက်လည်း ခံစစ်ပိုင်းမှာ ပြသနာတွေရှိလာတော့မှာဖြစ်ပြီး အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာက ဇီဒန်းအတွက် တော်တော်လေးကို စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ဟာ စပိန်အတွက် ကစားပေးခဲ့တဲ့ ဂျာမနီနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ် ၃ ပွဲအထိကို လွဲချော်တော့မယ်လို့ သိရပါတယ်။ ရာမို့စ်ရဲ့ ဒဏ်ရာဟာ တံကောက်ကြောဒဏ်ရာဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပြီးနောက် ဇီဒန်းအတွက် ခေါင်းကိုက်စရာဖြစ်လာခဲ့ပြီလို့ Goal.com က ဖော်ပြခဲ့ပါတယ်။
စပိန်ဗဟိုခံစစ်မှူးဟာ အဆိုပါဒဏ်ရာကြောင့်ပဲ လူစားလဲလှယ်ခံခဲ့ရပြီး ဂျာမနီအပေါ် စပိန်ကဂိုးပြတ်နိုင်ပွဲအပေါ် အပြည့်အဝပျော်ရွှင်မှုမရခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်အတွက်လည်း ခံစစ်ပိုင်းမှာ ပြသနာတွေရှိလာတော့မှာဖြစ်ပြီး အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တာကလည်း ဇီဒန်းအတွက် တော်တော်လေးကို စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။
ဗာရာနီကလည်း အမှားအယွင်းတွေပြုလုပ်မိတတ်ပြီး အသင်းခံစစ်ပိုင်းကို ဦးဆောင်ပေးနိုင်မယ့်သူအဖြစ် ရာမို့စ်မရှိပါက ပိုမိုအခြေအနေဆိုးရွားဖွယ်ရှိနေပါတယ်။ အသက် ၃၄နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်လည်း ရာမို့စ်ကတော့ အဓိကနောက်ခံလူတစ်ဦးအဖြစ် မာမာထန်ထန်ကစားနိုင်ဆဲဖြစ်သလို ကလပ်အသင်းမှာရော၊ နိုင်ငံအသင်းမှာပါ အားအထားရဆုံးကစားသမားအဖြစ် ရပ်တည်နေနိုင်ဆဲလည်းဖြစ်ပါတယ်။