တမူထူးခြားတဲ့ တင်ဆက်ပုံနဲ့ ပြောဆိုမှုတွေကြောင့် ပရိသတ်တွေ ပျော်ရွှင်ရယ်မောနေခဲ့ရပါတယ်။
Pyae Phyo Thein

 ဘိုအာဒီဟာ ဂါနာမှာ ထင်ရှားတဲ့ သရုပ်ဆောင်၊ ဟာသလူရွှင်တော်နဲ့ အစီအစဉ်တင်ဆက်သူလည်းဖြစ်ပါတယ်။


ဂါနာတီဗွီရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်တဲ့ အက်ခ်ဝါဆီဘိုအာဒီကတော့ လူမှုကွန်ယက်တွေထက်မှာ နာမည်ကျော်ကြားနေပြီဖြစ်ပါတယ်။ အက်ခ်ရိုဘီတိုလို့လည်း လူသိများတဲ့ အစီအစဉ်တင်ဆက်သူဟာ အများနဲ့မတူ တမူထူးခြားတဲ့တင်ဆက်မှုတွေနဲ့ ကမ္ဘာတဝှမ်းက ဘောလုံးပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပြီး ထင်ရှားလာခဲ့ပြီဖြစ်ပါတယ်။ ဘိုအာဒီဟာ ဂါနာမှာ ထင်ရှားတဲ့ သရုပ်ဆောင်၊ ဟာသလူရွှင်တော်နဲ့ အစီအစဉ်တင်ဆက်သူလည်းဖြစ်ပါတယ်။



‘The Real News with Akrobeto’ အစီအစဉ်မှာ ဘိုအာဒီက ပရီးမီးယားလိဂ်ပွဲစဉ်တွေရဲ့ ရလဒ်ကို ထုတ်ပြန်ကြေညာပေးနေခဲ့တာဖြစ်ပြီး အခြားသောနာမည်ကြီးရုပ်သံသတင်းဌာနတွေလို တင်ဆက်ပုံမျိုးမဟုတ်ဘဲ ကွဲပြားခြားနားတဲ့ဟန်ပန်နဲ့ တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဘိုအာဒီဟာ စိတ်အားထက်သန်မှုအပြည့်နဲ့ တင်ဆက်ပေးခဲ့ပြီး ဘယ်တုန်းကမှ ကြည့်ရှုနားထောင်ဖူးမှာမဟုတ်တဲ့ ပုံစံကို ပရိသတ်တွေမြင်တွေ့ခဲ့ကြရပါတယ်။ 



တင်ဆက်တဲ့အချိန်ကြာမြင့်လာလေလေ ဘိုအာဒီရဲ့ အသံက ပိုမိုကျယ်လောင်လာလေဖြစ်နေခဲ့ပြီး သူက ပရီးမီးယားလိဂ်ပွဲရလဒ်တွေတင်မဟုတ်ဘဲ စီးရီးအေပွဲစဉ်ရလဒ်တွေကိုပါ ပြောပြပေးခဲ့ကာ သူ့ရဲ့ စနေနေ့တိုင်း သတင်းတင်ဆက်မှုကို စောင့်မျှော်ကြည့်ရှုမယ့် ပရိသတ်တွေအတွက်တော့ ဟဒယရွှင်ဆေးစားသုံးရသလို ရယ်မောပျော်ရွှင်နေရပြီဖြစ်ပါတယ်။ 



သူ့ရဲ့ နာမည်ကျော်ကြားလာမှုက နာမည်ကျော်ရုပ်သံသတင်းဌာနတွေဖြစ်တဲ့ Final Score ၊ BT Sport Score တို့ရဲ့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရဖို့တောင် ဖြစ်လာနိုင်မလားလို့ Sportbible သတင်းဌာနက ရေးသားပြောဆိုခဲ့ပါတယ်။ တွစ်တာမှာ ရေပန်းစားနေတဲ့ သူ့ရဲ့ ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင် ဘိုကာဒီဟာ ချယ်လ်ဆီးနောက်ခံလူ အက်ဇ်ပီလီကွီတာရဲ့ နာမည်ကို ပြောဖို့ အခက်တွေ့နေခဲ့ပြီး စီးရီးအေအသင်းနာမည်တွေကို ပြောဆိုခဲ့ရာမှာလည်း ပရိသတ်တွေ သိရှိထားတဲ့ နာမည်တွေနဲ့မတူဘဲ ကွဲဲပြားနေခဲ့ကာ  သူ့ရဲ့ဟန်ပန်နဲ့ ပြောဆိုမှုက တော်တော်လေးကို ရယ်နေခဲ့ရပါတယ်။ 


သူ့ရဲ့ သတင်းတင်ဆက်မှုဗီဒီယိုကလည်း ကြည့်ရှုသူပေါင်း ၅သန်းကျော်အထိ ရှိသွားခဲ့ပြီဖြစ်ကာ ဆက်လက်ပြီး အများအပြားတိုးပွားလာဦးမယ့် အနေအထားမှာ ရှိနေပါတယ်။ 


Author


က္က