တဦးတည်းသီးသန့်နေထိုင်စဉ်အတွင်း ကိုယ်အလေးချိန်ကျဆင်းသွားခဲ့ပါတယ်။
Pyae Phyo Thein

ဟာဇက်ဟာ ဒီရာသီမှာ အသင်းကစားခဲ့ပြီးတဲ့ စုစုပေါင်းမိနစ်ရဲ့ ၁၀%ကိုသာ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး ဒဏ်ရာပြသနာတွေနဲ့ လုံးပမ်းနေခဲ့ရသူဖြစ်ပါတယ်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်ကစားသမားဟာဇက်ဟာ ဗိုင်းရပ်စ်ပျောက်ကင်းခဲ့ပြီဖြစ်ကာ အသင်းနဲ့ပူးပေါင်းနေပြီဖြစ်ပါတယ်။ စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ နိုဝင်ဘာလ ၇ ရက်နေ့ ဟာဇက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပြီး သူနဲ့အတူ အသင်းဖော်ကက်စ်မဲရိုးလည်း ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အခုအခါမှာ နှစ်ဦးစလုံးလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ကာ နည်းပြဇီဒန်းအတွက်တော့ သတင်းကောင်းဖြစ်လာခဲ့ရပါတယ်။ ဟာဇက်ဟာ ဒီရာသီမှာ အသင်းကစားခဲ့ပြီးတဲ့ စုစုပေါင်းမိနစ်ရဲ့ ၁၀%ကိုသာ ပါဝင်ကစားပေးထားနိုင်ခဲ့ပြီး ဒဏ်ရာပြသနာတွေနဲ့ လုံးပမ်းနေခဲ့ရသူဖြစ်ပါတယ်။ ခြေစွမ်းပြနိုင်ဖို့ အားထုတ်နေရချိန်မှာ ဗိုင်းရပ်စ်ပါကူးစက်ခဲ့လို့ ပိုမိုရုန်းကန်ခဲ့ရပြီး သူ့ရဲ့ကစားသမားဘဝ စိတ်အပျက်ရဆုံးအချိန်တွေဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သူ့အတွက်သတင်းကောင်းဖြစ်ခဲ့ရတာကတော့ ကိုယ်အလေးချိန်မြင့်တက်နေမှုကြောင့် ဘောလုံးကစားရာမှာ အခက်အခဲတွေရှိနေခဲ့ရပြီး ဗိုင်းရပ်စ်ကူးစက်ချိန်အတွင်း တစ်ဦးတည်းသီးသန့်နေထိုင်ခဲ့ချိန်အတွင်းမှာ ၃ ကီလိုဂရမ်ထိ ကိုယ်အလေးချိန်ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်ပုံစံဖြစ်နေပြီး အကောင်းဆုံးပုံရိပ်ရှိမနေခဲ့တဲ့ ဟာဇက်အတွက် အဆိုးထဲကအကောင်းဖြစ်ခဲ့ရပါတယ်။

ချယ်လ်ဆိးကနေ ရီးရဲလ်ကို ပြောင်းရွှေ့သွားပြီးကတည်းက ဟာဇက်ဟာ ကိုယ်အလေးချိန်မြင့်တက်နေခဲ့ပြီး ကွင်းအတွင်းမှာ လေးလံနေခဲ့ပါတယ်။ သူ့ကို မြင့်မားတဲ့စျေးနှုန်းပေးချေပြီး ဝယ်ယူခဲ့ရတဲ့ ရီးရဲလ်အတွက်လည်း စိတ်ပျက်စရာဖြစ်ခဲ့ရပြီး လက်ရှိအချိန်ထိလည်း အကောင်းဆုံးပုံစံကို မရသေးတာကြောင့် စိတ်ရှည်ရှည်ထားနေရပါတယ်။


ကွာရန်တင်းနေထိုင်နေစဉ်အတွင်းမှာ ဟာဇက်ရဲ့ ကိုယ်အလေးချိန်ကျဆင်းခဲ့မှုက ဇီဒန်းအတွက်ရော အသင်းပရိသတ်တွေအတွက်ပါ ပျော်ရွှင်စရာဖြစ်ခဲ့ရပြီး သူတို့ရဲ့ ကျောနံပါတ် ၇ ကစားသမားကို ပုံမှန်ခြေစွမ်းနဲ့ မြင်တွေ့ရနိုင်ဖို့ မျှော်လင့်နေနိုင်ပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က