ဒီဘာလာကတော့ ပုံမှန်နေရာပျောက်ဆုံးတော့မှာဖြစ်ပါတယ်။

မိုရာတာနဲ့ ရော်နယ်ဒိုတို့ရဲ့ တိုက်စစ်အတွဲအဖက်ကိုသာ ပုံသေအသုံးပြုသွားတောမ့ယ်လို့ ပီယာလိုက ဆိုလိုခဲ့တာဖြစ်ပြီး ဒီဘာလာကတော့ အရန်ခုံမှာသာ ထိုင်နေရဖွယ်ရှိနေပြီဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းနည်းပြပီယာလိုဟာ ရော်နယ်ဒိုနဲ့ မိုရာတာတို့ရဲ့ တိုက်စစ်အတွဲအဖက်က အသင်းအတွက် အကောင်းဆုံးဖြစ်လာနေပြီလို့ ယုံကြည်နေပါတယ်။ ကိုရိုနာဗိုင်းရပ််စ်ကူးစက်ခံရမှုနေ ရော်နယ်ဒို ပြန်လည်ပျောက်ကင်းခဲ့ပြီးနောက် အသင်းအတွက် ခြေစွမ်းပြကစားပေးနေသလို မိုရာတာကလည်း ပွဲတိုင်းနီးပါး ဂိုးတွေသွင်းယူပေးနေခဲ့တာဖြစ်ပါတယ်။ 



ဒီအတွက်ကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းဟာ စိတ်ချရမှုရှိနေပြီလို့ ပီယာလိုက ယူဆနေကာ ရီးရဲလ်အသင်းဖော်ဟောင်းနှစ်ဦးကို ပင်တိုင်အသုံးပြုသွားဖို့ စီစဉ်နေကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဂျူဗီမှာကစားခဲ့ဖူးတဲ့ မိုရာတာဟာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိခဲ့ချိန်မှာ ဒီဘာလာနဲ့ တွဲဖက်ကစားနေခဲ့ရပြီး ရော်နယ်ဒိုနဲ့တော့ စီးရီးအေမှာ ၂ပွဲသာ တွဲကစားထားရသေးတာဖြစ်ပါတယ်။

"စမ်းသပ်မှုတွေပြီးဆုံးသွားပြီလို့ ကျွန်တော်ထင်တယ်၊ ကျွန်တော်က နည်းပညပာပိုင်းဆိုင်ရာ၊ နည်းဗျူးဟာအပြောင်းအလဲတွေ ပြုလုပ်ဖို့ စိတ်အားထက်သန်တဲ့ကစားသမားတွေနဲ့ အလုပ်လုပ်ခွင့်ရနေပြီး ဒီအတွက် စိတ်ကျေနပ်မိပါတယ်၊ ပွဲအပေါ်မူတည်ပြီးတော့ အပြောင်းအလဲတွေလုပ်ဖို့ရှိမှာပါ' လို့ Juventus TV ကတဆင့် ပီယာလိုက ပြောဆိုခဲ့ပါတယ်။

ဒါဟာ မိုရာတာနဲ့ ရော်နယ်ဒိုတို့ရဲ့ တိုက်စစ်အတွဲအဖက်ကိုသာ ပုံသေအသုံးပြုသွားတောမ့ယ်လို့ ပီယာလိုက ဆိုလိုခဲ့တာဖြစ်ပြီး ဒီဘာလာကတော့ အရန်ခုံမှာသာ ထိုင်နေရဖွယ်ရှိနေပြီဖြစ်ပါတယ်။ ပီယာလိုက ဒီဘာလာထက်စာရင် သူနဲ့အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ မိုရာတာကို ပိုမိုသဘောကျကာ ဦးစားပေးနေပြီး ရော်နယ်ဒိုပြန်ကစားနိုင်ချိန်မှာတော့ တွဲဖက်တိုက်စစ်အဖြစ် အသုံးပြုသွားဖို့ကို ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျူဗီကတော့ ဒီနေ့မှာ ကယ်ဂလီယာရီနဲ့ ကစားသွားရမှာဖြစ်ပြီး စီးရီးအေမှာ အေစီမီလန်နောက် ငါးမှတ်အထိ ပြတ်တောက်နေမှုကို အမီလိုက်ဖို့ ကြိုးစားရတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က