မက်ဆီကတော့ လာမယ့်ဇန်နဝါရီဆိုရင် စပိန်မဟုတ်တဲ့ မည်သည့်ကလပ်အသင်းနဲ့မဆို အကြို စာချုပ်ချုပ်လို့ရပါပြီ။

မက်ဆီနဲ့ ဂွါဒီယိုလာတို့ကတော့ ဘာစီလိုနာမှာ ၄နှစ်လောက် လက်တွဲခဲ့ဖူးတဲ့ ဆရာ၊တပည့်းအရင်းတွေ ဖြစ်သလို ထိုစဥ်က ချန်ပီယံလိဂ်နဲ့ပြည်တွင်းအမှတ်ပေးဖလားပြိုင်ပွဲတွေမှာလည်း ပြိုင်စံရှားအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့ သူတွေပါ။

မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာက သူ့အနေနဲ့ မက်ဆီကို အသင်းမပြောင်းစေချင်ပဲ ဘာစီလိုနာမှာသာ က စားသမားဘဝ ကုန်ဆုံးစေချင်တယ်လို့ ထုတ်ဖော်ပြောလာပါတယ်။



ဂွါဒီယိုလာကတော့ ပြီးခဲ့တဲ့ ရက်ကမှ မန်စီးတီးအသင်းနှင့်အတူ ၂နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်ပြီး မက်ဆီကလည်း မန်စီးတီးကို လာမယ့် ဘောလုံးရာသီမှာရောက်ဖို့ နီးစပ်နေသူပါ။

မက်ဆီနဲ့ဘာစီလိုနာနဲ့ ကြားက စာချုပ်သက်တမ်းက လာမယ့် နွေရာသီမှာ ပြည့်မှာ ဖြစ်ပြီး စပိန်ပြင်ပ မည်သည့် ကလပ်အသင်းနဲ့မဆို ဇန်နဝါရီ ၁လကစတင်ပြီး အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုထားနိုင်ပြီလည်း ဖြစ်ပါ တယ်။

“မက်ဆီဟာ ဘာစီလိုနာပဲ ဆိုတာ ကျွန်တော် အကြိမ်တစ်ထောင်မက ပြောခဲ့ပြီးပါပြီ။ပရိသတ် တစ်ဦးအနေနဲ့ဆို ရင်မက်ဆီကို အဲ့ဒီမှာပဲ ကုန်ဆုံးစေချင်ပါတယ်။”လို့ ဂွါဒီယိုလာက ဆိုပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကတော့ ဘာစီလိုနာကနေ အသင်းပြောင်းဖို့ ပြီးခဲ့တဲ့သြဂုတ်လကတည်းက လုပ်ဆောင်နေခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ အသင်းဥက္ကဌ ဘာတိုမြူက စာချုပ်စာတမ်းနဲ့ တားမြစ်ထားလို့ မထွက် ခွာနိုင်ပဲ ရှိနေခဲ့တာပါ။

လက်ရှိမှာတော့ ဘာတိုမြူလည်း အသင်းက နုတ်ထွက်သွားခဲ့ပြီ ဖြစ်ပေမယ့် မက်ဆီရဲ့ အနာဂတ်ကတော့ မရေရာ မသေချာနဲ့ ကျန်နေခဲ့ပါတယ်။

မက်ဆီကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကလည်း ချိတ်ဆက်ထားတယ်ဆိုပေမယ့် မက်ဆီကတော့ မန်စီးတီး ကို ပြောင်းဖို့သာ အားသာနေပြီး မန်စီးတီးကလည်း ခေါ်ယူချင်နေတာပါ။

ဒါပေမယ့်လည်း မက်ဆီက သူ့ကို မန်စီးတီးက ခေါ်ယူလိုရင် အသင်းမှာ နည်းပြ ဂွါဒီယိုလာနဲ့နိုင်ငံ ကစားဖော် အဂူရိုတို့ ရှိနေစေဖို့ လိုတယ်လို့ ဆိုထားတာကြောင့် ဂွါဒီယိုလာကို မန်စီးတီးက စာချုပ်သက်တမ်းတိုးလိုက်တာ ဟာ မက်ဆီအတွက် ပထမခြေလှမ်း ဖြစ်လာမလား စိတ်ဝင်စားဖိုး ကောင်းနေပါပြီ။

Share

Loading Next Article...
က္က