ပြိုင်ဘက်ကောင်းတွေကို ကျော်ဖတြ်ပြီး ရယူနိုင်ခဲ့တာပါ။
Pyae Phyo Thein

ဟာလန်းက အသင်းဖော်ဆန်ချို၊ ဘိုင်ယန်ကြယ်ပွင့်အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ယူနိုက်တက်ကြယ်ပွင့်ဂရင်းဝုဒ်နဲ့ ဘာစီလိုနာမျိုးဆက်သစ်အန်ဆူဖာတီတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။


ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူးဟာလန်းဟာ ၂၀၂၀ ခုနှစ်တွက် Golden Boy ဆုကို ဆွတ်ခူးသွားခဲ့ပြီဖြစ်ပါတယ်။ အီတလီသတင်းဌာန Tuttosport က ပေးအပ်ချီးမြှင့်နေတဲ့ ဒီဆုဟာ ဥရောပတလွှားက လိဂ်တွေက အသက် ၂၁နှစ်အောက် ကစားသမားတွေကို ရွေးချယ်ပေးအပ်နေခဲ့တာဖြစ်ပြီး ဟာလန်းက ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့တဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က အဆိုပါဆုကို အက်သလက်တီကိုမက်ဒရစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ဘင်ဖီကာကစားသမားဟောင်းယာအိုဖီးလစ်က ဆွတ်ခူးခဲ့ပြီး ဒီနှစ်မှာတော့ ဟာလန်းက အသင်းဖော်ဆန်ချို၊ ဘိုင်ယန်ကြယ်ပွင့်အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ယူနိုက်တက်ကြယ်ပွင့်ဂရင်းဝုဒ်နဲ့ ဘာစီလိုနာမျိုးဆက်သစ်အန်ဆူဖာတီတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဟာလန်းဟာ ဆဲလ်ဘတ်နဲ့ ဒေါ့မွန်တို့အတွက် ပြီးခဲ့တဲ့ရာသီက ကစားပေးခဲ့ပြီး ဂိုးပေါင်း ၄၄ ဂိုးအထိ ရရှိခဲ့ပါတယ်။ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် သူ့ခြေစွမ်းက တဟုန်ထိုးတိုးတက်လာခဲ့ပြီး ဘွန်ဒက်လီဂါမှာ သူ့ထက်ပိုပြီး မိနစ်အလိုက်သွင်းဂိုးနှုန်းမှာ လီဝန်ဒေါစကီးတစ်ဦးတည်းကသာ အသာရရှိခဲ့ပြီး ကျန်ကစားသမားတွေကို ဟာလန်းက အသာစီးရယူနိုင်ခဲ့ပါတယ်။ 


အသက် ၂ဝအရွယ်သာရှိသေးတဲ့ နော်ဝေကြယ်ပွင့်ဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့အရည်အသွေးတွေ ရရှိနေပြီဖြစ်ကာ မကြာမီနှစ်တွေအတွင်း ဘောလုံးကမ္ဘာရဲ့ နာမည်အကျော်ကြားဆုံးကစားသမားဖြစ်လာမယ့် အရိပ်အယောင်တွေလည်း ရှိနေပြီဖြစ်ပါတယ်။ ယူရိုသန်း ၂ဝသာ ပေးချေခဲ့ရတဲ့ ဒေ့ါမွန်အတွက်လည်း ကြီးမားတဲ့အကျိုးကျေးဇူးတွေကို ရရှိနေခဲ့ပြီး ဥရောပရဲ့အကောင်းဆုံးတိုက်စစ်အင်အားစုကိုလည်း ပိုင်ဆိုင်နေခဲ့ပါတယ်။ 


ဒီရာသီမှာလည်း ဟာလန်းက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၁၁ပွဲမှာ ၁၁ ဂိုးအထိသွင်းယူပေးထားပြိး တစ်ပွဲကိုတစ်ဂိုးနှုန်းရရှိနေကာ သူ့ခြေစွမ်းကို ပြသနေဆဲဖြစ်ပါတယ်။ 


Author


က္က