ကယ်ဂလီယာရီနဲ့ပွဲမှာလည်း ၂ဂိုးသွင်းပေးခဲ့ပြန်ပါပြီ။
Pyae Phyo Thein

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကလပ်အသင်းအတွက် အကောင်းဆုံးပုံစံကို ပြသနေတာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကနေ ပျောက်ကင်းပြီးနောက်မှာ အရင်ကထက်ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေကို ရရှိနေတာဖြစ်ပါတယ်။ 


ကယ်ဂလီယာရီအသင်းကို အိမ်ကွင်းမှာ ဂျူဗင်တပ်စ်အသင်းက ၂-၀ နဲ့ အနိုင်ရရှိခဲ့ပွဲမှာ တိုက်စစ်မှူးရော်နယ်ဒိုက အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ကလပ်အသင်းအတွက် အကောင်းဆုံးပုံစံကို ပြသနေတာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကနေ ပျောက်ကင်းပြီးနောက်မှာ အရင်ကထက်ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေကို ရရှိနေတာဖြစ်ပါတယ်။ 

ရော်နယ်ဒို ပြန်လည်ကစားပေးနိုင်မှုနဲ့အတူ ဂျူဗင်တပ်စ်ကလည်း တောက်လျှောက်နိုင်ပွဲဆက်နေပြီး သူပြန်ကစားပေးခဲ့တဲ့ လေးပွဲမှာ သုံးပွဲအထိအနိုင်ရခဲ့ကာ ရော်နယ်ဒိုက သွင်းဂိုးငါးဂိုးအထိ သွင်းယူပေးထားခဲ့ပါတယ်။ ကယ်ဂလီယာရီနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပေးပြီးနောက် ရော်နယ်ဒိုရဲ့ ဒီရာသီစီးရီးအေသွင်းဂိုးက ၈ ဂိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ပြန်ကစားပေးခဲ့တဲ့ ပွဲတိုင်းမှာ သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးထားပြီး နည်းပြပီယာလိုရဲ့ အဓိကတိုက်စစ်မှူးနေရာကို သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။ မိုရာတာနဲ့ ရော်နယ်ဒိုတို့ရဲ့ တိုက်စစ်အတွဲအဖက်ကို အသုံးပြုသွားမယ်လို့ အတည်ပြုပြောဆိုထားခဲ့အတိုင်း ပီယာလိုကလည်း သူတို့နှစ်ဦးကို ကယ်ဂလီယာရီနဲ့ပွဲမှာ ပွဲထုတ်ခဲ့ပါတယ်။

မိုရာတာက တစ်ကြိမ်ဖန်တီးပေးခဲဲ့ပြီး ရော်နယ်ဒိုက အဆုံးသတ်ခဲ့ကာ အတွဲအဖက်ညီတဲ့ တိုက်စစ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် ဟက်ထရစ်ရယူနိုင်မယ့် အခွင့်အရေးတွေရှိခဲ့ပေမယ့် လွဲချော်ခဲ့ရပြီး သွင်းဂိုးနှစ်ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ခြေစွမ်းဟာ ထိပ်တန်းအဆင့်မှာရှိနေပြီး အကောင်းဆုံးကစားနိုင်ဆဲဆိုတာကိုတော့ သက်သေပြနိုင်ခဲ့ပါတယ်။ 


Author


က္က