ကယ်ဂလီယာရီကို ၂-၀နဲ့ နိုင်တဲ့ပွဲမှာ ၂ဂိုးစလုံးကို ရော်နယ်ဒိုက သွင်းပေးတာပါ။

ကိုဗစ်ဖြစ်ပြီးလို့ ဂျူဗင်တပ်အတွက် ပြန်ကစားပေးနိုင်တဲ့ ၄ပွဲမှာ ၃ပွဲအထိ ဂျူဗင်တပ်အသင်း အနိုင်ရထားပြီး ရော်နယ်ဒိုကိုယ်တိုင်ကလည်း သွင်းဂိုး ၅ဂိုး အထိ ရယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ချန်ပီယံအဖြစ် မွေးဖွားလာတာ ဖြစ်တယ်လို့ ဂျူဗင်တပ် နည်းပြ ပီယာလိုက ကယ်ဂလီယာရီကို ၂-၀နဲ့ နိုင်ခဲ့တဲ့ စီးရီးအေ ပွဲစဥ်အပြီးမှာ ချီးကျူး ပြောဆိုလိုက်ပါတယ်။



အဆိုပါ အနိုင်ဂိုး ၂ဂိုးစလုံးကိုတော့ ရော်နယ်ဒိုက သွင်းယူပေးခဲ့တာ ဖြစ်ပြီး သူ့အတွက် ဒီရာသီ ပြိုင်ပွဲစုံ ၆ပွဲမှာ ၈ဂိုးအထိ ရရှိထားပြီလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုဟာ တစ်ရာသီအတွင်း စီးရီးအေမှာ ပထမဆုံးပါဝင်ကစားခဲ့တဲ့ ၅ပွဲကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ဂျူဗင် တပ်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

“ ကျွန်တော်တို့ သိထားပြီးတဲ့အတိုင်း၊သူ(ရော်နယ်ဒို)ဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် စစ်စစ်ပါပဲ။ချန်ပီယံ အစစ်အမှန်ဖြစ်သလို သူ့ပတ်ဝန်းကျင်က လူသား အားလုံးအတွက်လည်း စံနမူနာ ပုဂ္ဂိုလ်တစ်ဦးလို့ ပြောရပါမယ်။ ပြိုင်ပွဲမှာရော လေ့ကျင့်ရေးမှာပါ အသင်းဖော်တိုင်း သူ့ကို စံထားသင့်ပါတယ်။”လို့ ပီယာလိုက DAZN သတင်းဌာန ကို ပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ ပီယာလိုက ရော်နယ်ဒိုကို မှာကြားခဲ့သေးပြီး အဲ့ဒါကတော့ လက်ရှိ စွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းထားဖို့သာ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ကိုဗစ်ကူးစက်မှုကြောင့် မကစားပေးနိုင်ခဲ့ရာမှ ပြန်ကစားပေးလာနိုင်ခဲ့ရာမှာ ဒါဟာ ၄ပွဲမြောက် ပွဲစဥ်ဖြစ်ပြီး ၃ပွဲနိုင်ကာ သူကိုယ်တိုင်က ဂိုး ၅ဂိုးအထိ ရယူထားနိုင်ခဲ့ပါပြီ။

ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းကတော့ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် ပွဲအဖြစ် ဖီရန်ဗားရို့စ်အသင်းနဲ့ ဒုတိယ အကျော့ ကစားဖို့ ရှိနေပါတယ်။

ပထမအကျော့မှာ ၄-၁နဲ့ အနိုင်ရထားပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ သေချာချင်ရင် ယခု ဒုတိယ အကျော့မှာလည်း နိုင်ပွဲဆက်လက်ရရှိဖို့ လိုအပ်နေပါ သေးတယ်။

Share

Loading Next Article...
က္က