ရီးရဲလ်၊ အေတီကိုတို့နဲ့ပွဲအပြီးမှာ စီနီယာတွေက မီဒီယာတွေနဲ့တွေ့ဖို့ တာဝန်မဲ့ခဲ့ပါတယ်။
Pyae Phyo Thein

စပိန်လာလီဂါရဲ့ ပြိုင်ဘက်ကင်းအသင်းကြီးဟာ ကျဆုံးမှုက မယုံကြည်နိုင်စရာဖြစ်ခဲ့ရပြီး အသင်းတာဝန်ရှိသူတွေအတွက် အိပ်မက်ဆိုးတွေပြည့်နှက်နေတဲ့ ကာလဖြစ်လာခဲ့ပါပြီ။ 


အက်သလက်တီကိုမက်ဒရစ်အသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် နာမည်ကျော်ဘာစီလိုနာအသင်းဟာ လာလီဂါ ၈ ပွဲကစားအပြိး ရမှတ် ၁၁မှတ်သာရရှိထားကာ အဆင့် ၁ဝနေရာမှာ ရပ်တည်နေခဲ့ရပြီဖြစ်ပါတယ်။ စပိန်လာလီဂါရဲ့ ပြိုင်ဘက်ကင်းအသင်းကြီးဟာ ကျဆုံးမှုက မယုံကြည်နိုင်စရာဖြစ်ခဲ့ရပြီး အသင်းတာဝန်ရှိသူတွေအတွက် အိပ်မက်ဆိုးတွေပြည့်နှက်နေတဲ့ ကာလဖြစ်လာခဲ့ပါပြီ။ 

ကာရက်စ်ကိုရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ဘာကာတို့အရေးနိမ့်ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဆိုဆီဒက်၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့ ၉ မှတ်အထိ ကွာဟနေပြီလည်းဖြစ်ပါတယ်။ အသင်းခေါင်းဆောင်မက်ဆီလည်း ကြိုးစားအားထုတ်မှုရှိခဲ့ပေမယ့် ဘာမှလုပ်ပေးနိုင်ခြင်းငှာမရှိခဲ့ဘဲ နူးကမ့်ကလပ်ဟာ အမှတ်ဗလာနဲ့ အိမ်ပြန်ခဲ့ရပါတယ်။ 

ဒီပွဲအပြီးမှာတော့ မက်ဆီဟာ အသင်းအတွက် သူလုပ်ရမယ့် တာဝန်တွေကို ပျက်ကွက်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ကွင်းတွင်းမှာ ဦးဆောင်ကစားဖို့အတွက်လည်း မက်ဆီဘက်က အားနည်းခဲ့သလို ကွင်းပြင်ပမှာလည်း တာဝန်ယူဖို့ စိတ်မဝင်စားတော့ဘူးလို့ Give Me Sport က အထောက်အထားတွေနဲ့ပြောဆိုခဲ့ပြီး အေတီကိုနဲ့ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောရမယ့် တာဝန်ကို မက်ဆီမယူခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။ 

မက်ဆီက အဆိုပါတာဝန်ကို မယူခဲ့ဘူးဆိုရင်တောင်မှ အခြားသောစီနီယာကစားသမားတွေ၊ လက်ထောက်အသင်းခေါင်းဆောင်တွေရှိနေခဲ့ပေမယ့် တကယ်တမ်းမှာ မီဒီယာတွေရှေ့ရောက်လာခဲ့သူက လူငယ်ကစားသမားပက်ဒရီဖြစ်နေပါတယ်။ အသက် ၁၇ နှစ်အရွယ် ကစားသမားတစ်ဦးက ပွဲကြီးပွဲကောင်းတစ်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုဖို့ကို တာဝန်ယူခဲ့မှုကို တွစ်တာပေါ်မှာ ပရိသတ်အများအပြားက ဝေဖန်ပြစ်တင်နေကြပြီလည်းဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက "မက်ဆီ၊ ပီကေးနဲ့ တခြားခေါင်းဆောင်တွေက ပွဲအရေးနိမ့်ပြီးမှာ ခေါင်းဆောင်တစ်ဦးလို ပြုကျင့်ရမယ့်အစား အခုမှ ပွဲဦးထွက်ပွဲကစားဖူးတဲ့ ပီဒရီကို အတင်းလွှတ်လိုက်ပြန်ပြီ၊ အယ်လ်ကလက်စီကိုပွဲရှုံးတုန်းကလည်း စပိန်စကားတလုံးမှနားမလည်တဲ့ နောက်ခံလူဒက်စ်ကို သူတို့မီဒီယာတွေရှေ့သွားခိုင်းခဲ့သေးတယ်" လို့ ရေးသားခဲ့ကာ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်အမှားတွေကို ထောက်ပြသွားခဲ့ပါတယ်။ 


Author


က္က