နှစ်ဦးသားကတော့ နိုင်ငံတူ ကစားဖော်တွေလည်း ဖြစ်ကြပါတယ်။

နေမာနဲ့ရာဖင်ဟာတို့ကတော့ ဘာစီလိုနာမှာ ရှိစဥ် ကစားဖော်တွေ ဖြစ်ခဲ့ကြပြီး လက်ရှိမှာလည်း ပီအက်စ်ဂျီမှာ အတူတွဲကစားခွင့်ရနေတဲ့ နိုင်ငံတူ ကစားဖော်တွေ ဖြစ်ကြပါတယ်။

နေမာအနေနဲ့ ဘာစီလိုနာမှာ ရှိစဥ်ကထက် ပီအက်စ်ဂျီမှာ ပိုပြီး ရင့်ကျက်လာတယ်လို့ ကစားဖော် ရာဖင်ဟာက သုံးသပ်ပြောလာပါတယ်။



နေမာကတော့ ၂၀၁၇ခုနှစ်က ပြောင်းရွှေ့ကြေး ယူရို ၂၂၂သန်းနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူပါ။

ဘာစီလိုနာ ရှိစဥ်ကတော့ ၁၈၆ပွဲ ကစားကာ ၁၀၅ဂိုးထိသွင်းယူပေးနိုင်ခဲ့ပြီး မော်ဒန် ဘောလုံးလောကရဲ့ အ ကောင်းဆုံး ဘောလုံးသမား စာရင်းဝင် တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူပါ။

ဒါ့အပြင် လာလီဂါ ဆုဖလား ၂ကြိမ်နှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကိုလည်း ပိုင်ဆိုင်ခဲ့ကာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လာချိန်မှာတော့ ပထမရာသီအစ ၂နှစ်ဆက်တိုက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အကောင်းဆုံး ခြေစွမ်းတွေ မပြသနိုင်အောင် ဒဏ်ရာတွေက ဖိစီးတဲ့အချိန်တွေ များသလို စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုတွေကြောင့်လည်း ပြစ်ဒဏ်တွေ မကြာခဏ ချမှတ်ခြင်း ခံရလေ့ရှိသူ ဖြစ်နေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ နေမာရဲ့ အခြေနေကို အသင်းဖော် ရာဖင်ဟာက အခုလိုပဲ သုံးသပ်ပြောလာပါတယ်။

“ဘာစီလိုနာမှာထက် ပိုရင့်ကျက်တဲ့ နေမာကို မြင်တွေ့နေရပါတယ်၊ကမ္ဘာ့အဆင့်ရှိတဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ၊သူနဲ့ တွဲဖက် ကစားခွင့်ရတာဟာ အခွင့်ထူးခံ တစ်ခုလည်း ဖြစ်ပါတယ်။” လို့ ရာဖင်ဟာက ဆိုပါတယ်။

နေမာရဲ့ ပီအက်စ်ဂျီအသင်းကတော့ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ဒါဟာ ပီအက်စ်ဂျီ အသင်း သမိုင်းမှာ ပထမဆုံး အကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းခွင့်ရခဲ့တာပါ။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကို ၁-၀နဲ့ အရေးနိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရကာ လက်ရှိအချိန်မှာတော့ ၂၀၂၀-၂၁ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုပွဲစဥ်တွေကို ကစားနေပါတယ်။

လာမယ့် အင်္ဂါနေ့ညမှာတော့ လိုက်ပ်ဇစ်အသင်းနဲ့ ကစားဖို့ ရှိနေပြီး အနိုင်ရမှသာ အုပ်စုကတက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်လို့ အနိုင်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။

Share

Loading Next Article...
က္က