အနည်းဆုံး ၁၀ ရက်ခန့်အနားယူရမယ်လို့ ဆိုပါတယ်။

လိုင်လီနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲကို လွဲချော်တော့မှာဖြစ်ပြီး အခန့်မသင့်ပါက ဒီဇင်ဘာလ ၃ ရက်နေ့မှာကစားရမယ့် ဆဲလ်တစ်နဲ့ပွဲကိုပါ လွဲချော်နိုင်တာကြောင့် အေစီမီလန်အတွက်တော့ သတင်းဆိုးဖြစ်လာခဲ့ရပါတယ်။ 


အေစီမီလန်အတွက် ခြေစွမ်းပြကစားပေးနေတဲ့ ၀ါရင့်တိုက်စစ်မှူးကြီးဇလာတန်ဟာ နာပိုလီကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပွဲမှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၁၀ ရက်ခန့် အနားယူရလိမ့်မယ်လို့ သိရပါတယ်။ ဇလာတန်ဟာ အဆိုပါပွဲမှာ ပြောင်မြောက်တဲ့ ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးအပါအဝင် ၂ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကို နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။



အသက် ၃၉ နှစ်အရွယ် ဆွီဒင်သားကြီးဟာ ဂိုးမသွင်းယူခင်ကတည်းက အဆိုပါဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး အခုအခါ အနားယူဖို့လိုအပ်နေပြီလို့ အေစီမီလန်က အတည်ပြုခဲ့ပါတယ်။ ကလပ်အသင်းပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း သူတို့ရဲ့တိုက်စစ်မှူးဟာ ဒဏ်ရာကနေ ပြန်သက်သာဖို့ ၂ပတ်ကနေ ၃ပတ်အတွင်း အနားယူရလိမ့်မယ်လို့ ပြောဆိုခဲ့ကြောင်း cgtn သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဒီရာသီမှာ စီးရီးအေ ၆ ပွဲသာကစားပေးထားရပေမယ့် ဇလာတန်ဟာ ၁၀ ဂိုးအထိသွင်းယူကာ ခြေစွမ်းပြနေတာဖြစ်ပါတယ်။ လက်ရှိမှာ ဒဏ်ရာကြောင့် လိုင်လီနဲ့ကစားရမယ့် ယူရိုပါလိဂ်ပွဲကို လွဲချော်တော့မှာဖြစ်ပြီး အခန့်မသင့်ပါက ဒီဇင်ဘာလ ၃ ရက်နေ့မှာကစားရမယ့် ဆဲလ်တစ်နဲ့ပွဲကိုပါ လွဲချော်နိုင်တာကြောင့် အေစီမီလန်အတွက်တော့ သတင်းဆိုးဖြစ်လာခဲ့ရပါတယ်။ 

အေစီမီလန်ဟာ ဒီရာသီမှာ ဇလာတန်ရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ စီးရီးအေ ၈ ပွဲကစားအပြီး ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယားကိုဦးဆောင်နေကာ နှစ်ပေါင်းအတန်ကြာလက်လွှတ်နေခဲ့ရတဲ့ အမှတ်ပေးဖလားအတွက် စိန်ခေါ်နေပြီဖြစ်ပါတယ်။ တချိန်က စီးရီးအေမှာရော၊ ဥရောပမှာပါ ဗိုလ်အသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့တဲ့ အေစီမီလန်က အောင်မြင်မှုမရခဲ့တာ ကြာမြင့်နေပြီဖြစ်ပြီး ဒီအချိန်က အဆိုပါအောင်မြင်မှုတွေကို ရယူနိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်နေပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က