ချန်ပီယံလိဂ်ပွဲ ကစားရမှာပါ။
Kyaw Ko Ko Sint

ကိုင်ဟာဗက်စ်က ကိုဗစ်ဖြစ်လို့ အောက်တိုဘာ လက အသင်းအတွက် နောက်ဆုံး ကစားပေးထားခဲ့ရကာ ဆေးလ် ဗားကလည်း နယူးကာဆယ်နဲ့ပွဲမှာ မပါဝင်ထားနိုင်ခဲ့ပါဘူး။

နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းကတော့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်အဖြစ် ပြင်သစ်ကလပ် ရန်းနက်စ်အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

အဆိုပါ ပွဲမတိုင်မီ အသင်းနဲ့ ဝေးကွာနေရတဲ့ အဓိက ကစားသမားအချို့ ပြန်လည်ပူးပေါင်းနိုင်တာက နည်းပြ လမ်းပတ်အတွက် အဓိက ခွန်အားဖြစ်စေလာပါတယ်။

ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရလို့ သီးသန့်နေနေရတဲ့ အသက် ၂၁နှစ်အရွယ် ကိုင်ဟာဗက်စ်နဲ့ နယူးကာဆယ်နဲ့ ပွဲမှာ မပါဝင်ခဲ့တဲ့ ဆေးလ်ဗားတို့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဖက်က လူအင်အား ပြည့်လာချိန်မှာတော့ ရန်းနက်စ်အသင်းမှာ ရူဂါနီမာအူဆာတို့ မပါဝင်ဖို့ များနေပါ တယ်။

ဒါ့အပြင် ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ထုတ်ပယ်ခံခဲ့ရတဲ့ ဘယ်နောက်ခံလူ ဒဲလ်ဘတ်လည်း မပါဝင်နိုင်ပါ ဘူး။

နည်းပြ လမ်းပတ်အနေနဲ့ လက်လွှတ်ထားရမယ့်သူကတော့ အမေရိကန် လက်ရွေးစင် ပူလီဆစ် တစ်ဦးတည်း ရှိပြီး သူကတော့ တနင်္ဂနွေမှာ ကစားမယ့် စပါးနဲ့ပွဲလောက်မှသာ ကြံ့ခိုင်မှု ပြည့်နိုင်ဖို့ ရှိနေတာပါ။

“ဒီဇင်ဘာထဲမှာ ၈ပွဲကစားရပါမယ်၊ပွဲစဥ်ဇယားတွေက အင်မတန်မှ ရက်စက်နေပါတယ်။ဘောက်ဆင်ဒေးမှာ အာ ဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲပြီး ၂ရက်အကြာမှာ အက်စတန်ဗီလာနဲ့ ဆက်ကစားရပါမယ်။ဒါကြောင့် အခုကစားမယ့် ရန်းနက်စ်နဲ့ပွဲမှာ အနိုင်ရဖို့ လိုနေတာပါ။ဒါပြီးရင်တော့ ကစားသမားတွေကို အနားပေးဖို့လိုပါသေးတယ်။ အခု ပုံစံ လူစာရင်းမျိုးနဲ့ဆိုရင်တော့ ကျွန်တော်တို့ မစိုးရိမ်ပါဘူး။”လို့ လမ်းပတ်က ဆိုပါတယ်။

ချဲလ်ဆီးအသင်းကတော့ အခုကစားမယ့် ရန်းနက်စ်နဲ့ပွဲကို အနိုင်ရပါက အုပ်စုတွင်း ၁၀မှတ်ထိရရှိသွားမှာ ဖြစ်သလို နောက်တစ်ဆင့်ကိုလည်း သေချာသလောက်နီးပါး တက်လှမ်းနိုင်ဖို့ ဖြစ်သွားမှာပါ။

ရန်းနက်စ်ကတော့ အခုအုပ်စုတွင်းမှာ အင်အားအနည်းဆုံးအသင်းဖြစ်ပြီး ပထမဆုံး ချန်ပီယံလိဂ် ၃ပွဲဆက် နိုင်ပွဲ မရထားပါဘူး။

ဒါဟာ မောင့်ပယ်လီယာအသင်းက ပထမဆုံး ချန်ပီယံလိဂ်ပွဲကစားခဲ့ရစဥ် ပထမဆုံဂ ၆ပွဲဆက် နိုင်ပွဲပျောက်ဆုံး ခဲ့တာ ပြီးရင် ဒုတိယမြောက် ပြင်သစ်ကလပ်လည်း ဖြစ်လာပါတယ်။

ဒါကြောင့် ပွဲကြပ်တွေ များနေချိန် လူအင်အားပြန်တိုးလာတာက နည်းပြလမ်းပတ်ကို အလှည့်အပြောင်း ကစားလို့ ရအောင် အခွင့်အရေးပေးလာတာ ဖြစ်ပြီး နည်းပြ လမ်းပတ်အတွက်တော့ အသက်ရှုချောင်စေခဲ့တယ်လို့ ဆိုရမှာ ပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က