ဆံပင်ရှည် ထားတာနဲ့ ပတ်သက်ပြီး အငြင်းပွားနေကြတာပါ။
Kyaw Ko Ko Sint

ဘာစီလိုနာကို ရောက်ချိန်ကစပြီး ဆံပင်ရှည်ကို ထားလေ့ရှိသူဖြစ်ကာ ခြေစွမ်းပိုင်း ကျင်ဆင်းနေမှုအပေါ် ပရိသတ် တွေက ကြံဖန်ဝေဖန်နေကြတဲ့ အပေါ် ပြန်လည်တုံ့ပြန်လိုက်တာပါ။

မိမိဆံပင်ကို ဘာစီလိုနာအသင်းက ညှပ်ခိုင်းရင်တောင် ညှပ်မှာ မဟုတ်ဘူးလို့ တိုက်စစ်မှူး ဂရုဇ်မန်းက ပရိသတ်တွေကို တုံ့ပြန်လိုက်ပါတယ်။

အသက် ၂၉နှစ်အရွယ် ဂရုဇ်မန်းကတော့ ၂၀၁၉ခုနှစ်က ဘာစီလိုနာကို ရောက်ရှိလာပြီးနောက် ဆံပင်ရှည် စ တိုင်လ်ကို စွဲမြဲစွာ ထားလာခဲ့သူပါ။

ဒါပေမယ့်လည်း အသင်းနှင့်အတူ နေရာရရှိဖို့အတွက်တော့ တိုက်ပွဲဝင်နေရပြီး အရံခုံမှာသာ အချိန်အများစုကို ကုန်ဆုံးနေရသူပါ။

မကြာခဏဆိုသလိုလည်း ဂရုဇ်မန်းကို အားမလိုအားမရဖြစ်နေကြတဲ့ ဘာစီလိုနာ ပရိသတ်တွေက ဆံပင်အရှည် က ခြေစွမ်းပိုင်း ကျဆင်းစေတယ်လို့ ကြံဖန် ဝေဖန်လာကြပါတယ်။

ဒါပေမယ့်လည်း ဂရုဇ်မန်းကတော့ သူ့ဆံပင်ကို ဘယ်လိုအကြောင်းနဲ့မှ မညှပ်ပစ်နိုင်ပဲ ဘာစီလိုနာအသင်းက ပြော လာရင်တောင်မှ မလုပ်နိုင်ဘူးလို့ဆိုလာတာပါ။

အခုလို မုန်းစွဲ ပြောဆိုနေမှုတွေကြောင့် မိမိမှာ အတော်လေးကို ပင်ပန်းနေပြီ ဖြစ်ပြီး - “ ကျွန်တော့်ကလေးနဲ့ ဇနီး က ထားစေချင်ပါတယ်၊ဒါကို ဘာလို့ မထားနဲ့လို့ ပြောနေကြတာလဲ။”ဆိုပြီး ပရိသတ်တွေကို ပြန်ပြောလာပါတယ်။

ဂရုဇ်မန်းကတော့ ယခုနှစ်ဘောလုံးရာသီ ၈ပွဲကစားပြီးချိန်မှာ အသင်းအတွက်၂ဂိုးသွင်းယူကာ တစ်ဂိုးသာ ဖန်တီး ပေးထားနိုင်ပါတယ်။

“ဘာစီလိုနာကို ရောက်ကတည်းက ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး၊ဒါပေမယ့် အခုပြောဖို့ ရှိလာရင်လည်း ကွင်းထဲက ခြေစွမ်းတွေနဲ့ပဲ စကားပြောပါမယ်။လူမှုကွန်ရက်မှာတော့ မပြောချင်ပါဘူး။”လို့လည်း ဂရုဇ်မန်းက ဆိုပါသေးတယ်။

ဂရုဇ်မန်းအနေနဲ့ ယနေ့ညမှာ ဒိုင်နမို ကိဗ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်းကစားဖို့ ရှိနေပြီး မက်ဆီ လူစာရင်းမှာ မပါလို့ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ရဖွယ်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က