မျက်နှာသာပေးထားတာမရှိဘူးလို့ ဖွင့်ဟလာခဲ့တာပါ။

အသင်းရဲ့အရေးပါဆုံးကစားသမားအဖြစ် ရော်နယ်ဒိုက ရပ်တည်နေပြီး ဒီရာသီမှာ ၆ ပွဲကစားအပြီး ၈ ဂိုးသွင်းယူပေးကာ ခြေစွမး်ပြနေတာလည်းစြဖ်ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြပီယာလိုက သူ့အနေနဲ့ ရော်နယ်ဒိုကို အခြားသောကစားသမားတွေထက် ပိုပြီးမျက်နှာသာပေးဆက်ဆံတာမျိုးမရှိဘဲ တန်းတူညီမျှသာ ဆက်ဆံနေတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသင်းရဲ့အရေးပါဆုံးကစားသမားအဖြစ် ရော်နယ်ဒိုက ရပ်တည်နေပြီး ဒီရာသီမှာ ၆ ပွဲကစားအပြီး ၈ ဂိုးသွင်းယူပေးကာ ခြေစွမး်ပြနေတာလည်းစြဖ်ပါတယ်။ 



ပြီးခဲ့တဲ့ ကယ်ဂလီယာရီနဲ့ပွဲမှာလည်း ရော်နယ်ဒိုက ၂ဂိုးသွင်းယူကာ အသင်းကိုနိုင်ပွဲရရှိစေခဲ့ပြီး ၂၀၂၀ အတွင်း စီးရီးအေ ၅၉ ပွဲကစားခဲ့ရာမှာ ၂၉ ဂိုးအထိရရှိခဲ့ပါတယ်။ ဖာရန်ဗားရို့စ်အသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပီယာလိုက ရော်နယ်ဒိုအပေါ် သူ့ရဲ့ဆက်ဆံမှုနဲ့ပတ်သက်ပြိးအထက်ပါတိုင်းပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

"တည်ကန်ဘောတွေကတဆင့် သူ ဂိုးသွင်းယူပေးဖို့လည်း ကျွန်တော်စိန်ခေါ်ထားခြင်းမရှိပါဘူး၊ သူ့ကို တခြားကစားသမားတွေလိုပဲ ကျွန်တော်ဆက်ဆံနေခဲ့တာပါ၊ ကွင်းတွင်းမှာရော၊ ကွင်းပြင်မှာရောပေါ့၊ လိုက်လျောညီထွေရှိသူတွေနဲ့ ပြောဆိုဆက်ဆံရတာက အမြဲတမ်းကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုရဖို့ လွယ်ူပါတယ်၊ ကျွန်တော်လည်း အဲဒီလိုမျိုးကိုပဲ နှစ်သက်တာပါ"

"ရော်နယ်ဒိုနဲ့လည်း ဒီလိုပဲပြုမူပါတယ်၊ ချန်ပီယံတစ်ဥိးပါ၊ လူငယ်ကစားသမားတွေဖြစ်တဲ့ ဖရာဘိုတာ နဲ့ ပေါ်တန်နိုဗာတို့ကိုလည်း ဒီလိုပဲ ကျွန်တော်ဆက်ဆံပါတယ်၊ ကျွန်တော်ကစားသမားဖြစ်ခဲ့တုန်းကလည်း ဒီလိုမျိုးနည်းလမ်းကိုပဲ အသုံးပြုခဲ့ပါတယ်" လို့ ပီယာလိုက ပြောဆိုခဲ့ပြီး အသင်းမှာအားကိုးရတဲ့ ကစားသမားကို မျက်နှာသာပေးတာမျိုးမရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ဒီရာသီမှာ စီးရီးအေနဲ့ ချန်ပီယံလိဂ်ပွဲလေးပွဲအထိ လွဲချော်ခဲ့ပေမယ့်လည်း ကစားပေးခဲ့တဲ့ ၆ ပွဲမှာ ၈ ဂိုးအထိရရှိခဲ့ကာ ခြေစွမ်းပြနေခဲ့ပါတယ်။ ဗိုင်းရပ်စ်ပျောက်ကင်းပြီးနောက် ကစားပေးခဲ့တဲ့ ပွဲတိုင်းမှာလည်း ဂိုးပါဝင်ပတ်သက်မှုရှိခဲ့ပြီး အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ 



က္က