အသင်းဟောင်းကို ပြိုင်ဘက်အဖြစ်နဲ့ ရင်ဆိုင်ဖို့ ရောက်ရှိလာခဲ့ပါပြီ။
Pyae Phyo Thein

ပထမအကျော့ပွဲတုန်းကလည်း ရာဖေးလ်က အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ပြီး လက်ရှိအသင်းနိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 


ဒီနေ့ညမှာကစားသွားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွေထဲမှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ တူရကီကလပ်အစ္စတန်ဘူလ်တို့ရဲ့ ပွဲစဉ်လည်းပါဝင်နေပါတယ်။ ပထမအကျော့က တူရကီမြေမှာရင်ဆိုင်ခဲ့ရာမှာ ယူနိုက်တက်တို့ ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး အုပ်စုအဆင့်ကတက်ရောက်နိုင်ဖို့ အခြေအနေကောင်းမယ့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ 

အိုးထရက်ဖို့ဒ်မှာ ပြန်လည်ကစားရမယ့် ဒီပွဲစဉ်ကတော့ ပထမအကျော့ရလဒ်ကို ယူနိုက်တက်တို့လက်စားချေရမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားနေတဲ့အချက်တစ်ခုကတော့ ယူနိုက်တက်ကစားသမားဟောင်း ရာဖေးလ်ရဲ့ ငါးနှစ်အကြာမှ ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်ကို ပြန်ရောက်ခဲ့မှုပဲဖြစ်ပါတယ်။ 

ယူနိုက်တက်မှာ ၇ ရာသီကြာကစားပေးခဲ့ပြိး အောင်မြင်တဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တဲ့ ရာဖေးလ်ဟာ အသင်းပရိသတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်း လက်ရှိအချိန်ထိ ယူနိုက်တက်ရဲ့ Big Fan တစ်ဦးအဖြစ်ရှိနေဆဲပါ။ ပထမအကျော့ပွဲတုန်းကလည်း ရာဖေးလ်က အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့ပြီး လက်ရှိအသင်းနိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံပွဲပေါင်း ၁၇၀ ကစားပေးခဲ့ပြီး ၅ဂိုးသွင်းယူကာ ဆုဖလားတွေရယူနိုင်ခဲ့တဲ့ ရာဖေးလ်အတွက်တော့ သူ့ရဲ့အောင်မြင်မှုရှိရာအရပ်ကို ပြန်လည်ရောက်ရှိလာဖို့က ငါးနှစ်အထိစောင့်ဆိုင်းနေခဲ့ရပါတယ်။ လိုင်ယွန်အသင်းမှာလည်း ငါးရာသီကြာကစားခဲ့တဲ့ ရာဖေးလ်အတွက် အိုးထရက်ဖို့ဒ်ကို ပြန်လာရမှုက ထူးခြားတဲ့ခံစားချက်တွေဖြစ်နေမှာတော့ အမှန်ပါပဲ။ 

သူ့အတွက် ဝမ်းနည်းစရာဖြစ်ခဲ့ရတာကတော့ သူ့ကို လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုနေမယ့် ပရိသတ်တွေ ကွင်းအတွငး်ရှိမနေတာပဲဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ကွင်းပိတ်ကစားနေရတဲ့ အချိန်မှာ ရာဖေးလ်ကို ကွင်းအတွင်းလက်ခုပ်တီးဂုဏ်ပြုဖို့ ပရိသတ်တွေမရှိပေမယ့်လည်း လူမှုကွန်ရက်တွေပေါ်မှာတော့ ယူနိုက်တက်ပရိသတ်တွေက သူတို့ရဲ့ ဘရာဇီးလ်သားလေးကို ကြိုဆိုကြောင်းတော့ ရေးသားပြောဆိုနေတာကို မြင်တွေ့နေရပါတယ်။ 


Author


က္က