ဒေးဗစ်ဘက်ခမ်းတောင် ဒုတိယနေရာမှာပဲ ရပ်တည်နိုင်ပါတယ်။
Kyaw Ko Ko Sint

ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံး ဝါသနာရှင် ပရိသတ်တွေအလိုချင်ဆုံးအရာဟာ သူတို့ ချစ်တဲ့ ဘောလုံးသမားနဲ့ ဓာတ် ပုံတွဲရိုက်ခွင့်အပြင် သူတို့ချစ်တဲ့ ကစားသမားတွေရဲ့ လက်မှတ်တွေပါဝင်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုင်ဆိုင် နိုင်ခွင့်ပါပဲ။

ဒါကြောင့်လည်း ကမ္ဘာ့ဘောလုံး စျေးကွက်မှာ နာမည်ကြီး ကစာသမားတွေရဲ့ လက်မှတ်တွေပါဝင်တဲ့ ဘောလုံး၊ဂျာ စီ၊လက်မှတ်ရေးထိုးထားတဲ့ စာအုပ် စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို တန်ဖိုးသတ်မှတ် ရောင်းချနေကြပါတယ်။



လက်ရှိအချိန်မှာတော့ Gamblingdeals.com က ကမ္ဘာပေါ်မှာ တန်ဖိုး အကြီး ဆုံး လက်မှတ်ပိုင်ရှင် ၂၀ ကို စစ်တမ်း ကောက်ယူ ဖော်ပြလာပါတယ်။ အဆိုပါ စာရင်းရဲ့ ထိပ်ဆုံး နေရာကို ပိုင်ဆိုင်ထားသူကတော့ ပရိသတ်တွေ အနီးကပ်ဆုံး သိမြင်နိုင်မယ့် ရော်နယ် ဒိုလည်း မဟုတ်သလို၊ မက်ဆီလည်း မဟုတ်ပါဘူး။

ဒါ့အပြင် ဘောလုံးမင်းသားလို့ ပြောစမှတ်တွင်လောက်တဲ့ ဒေးဗစ်ဘက်ခမ်းလည်း မဟုတ်ပြန်ပါဘူး။ဒါဆိုရင် ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လက်မှတ်ပိုင်ရှင်က ဘယ်သူ ဖြစ်မလဲ?

သူကတော့ မန်စီးတီးနဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဆာဂျီယို အဂူရို ဖြစ်ပြီး သူ့ရဲ့ လက်မှတ်တစ်ခုဟာ ခန့်မှန်းခြေ ပျမ်းမျှ ကာလတန်ဖိုး ပေါင် ၁၃၆၃.၇၁ တန်ဖိုးရှိတယ်လို့ သိရပါတယ်။ အဂူရိုကတော့ မန်စီးတီးအသင်းရဲ့ ထာဝရဂိုးသွင်း အများဆုံး ကစားသမားတစ်ဦး ဖြစ်သလို ၂၀၁၂ခုနှစ်မှာလည်း ကျူပီအာအသင်းဖက်ကို နောက်ဆုံးပိတ်အနိုင်ဂိုးသွင်းယူပြီး မန်စီးတီးအသင်းကို ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ဆုဖလား ပိုင်ဆိုင်စေခဲ့သူပါ။

အဂူရိုရဲ့ နောက်မှာ ဒုတိယ လိုက်နေတာကတော့ လက်ရှိအချိန်မှာ ဘောလုံးကစားခြင်းက အနားယူသွားပြီ ဖြစ်ပေ မယ့် အမေရိကန် မေဂျာလိဂ်မှာ အင်တာာမိုင်ယာမီ ဘောလုံးအသင်းကို ပိုင်ဆိုင်ထားတဲ့ ဒေးဗစ်ဘက်ခမ်း ဖြစ်ပါ တယ်။

သူ့ရဲ့ လက်မှတ်တစ်ခုဟာလည်း ၉၉၉ပေါင် တန်ကြေးရှိနေတယ်လို့ သိရပြီး မက်ဆီရဲ့ လက်မှတ်တစ်ခုဟာ ၅၁၁.၉၁ပေါင်နဲ့ ရော်နယ်ဒိုကတော့ ၄၆၄.၉၃ပေါင် တန်ကြေးရှိတယ်လို့သိရပါတယ်။

ဒီ စျေးနှုန်းတွေဟာ ကစားသမားတွေရဲ့ လက်မှတ်တွေကို လေလံတင်သည့် နေရာနှစ်ခုမှ Gamblingdeals.com ပျမ်းမျှစျေးနှုန်းကို ခွဲခြမ်းစိတ်ဖြာပြီး ယခုနဲ့ အတိတ်က ဘောလုံးသမားတွေရဲ့ ကာလစျေးကို တွက်ချက်ဖော်ပြ ပေးထားခြင်းလည်း ဖြစ်ပါတယ်။


Author


က္က