ပယ်နယ်တီကို သူမကန်သွင်းဘဲ ရက်ရှ်ဖို့ဒ်ကို ပေးကန်ခဲ့တာပါ။

စပို့တင်းမှာ သူကန်သွင်းယူနေကျ ၁၈ ကိုက်စည်းထိပ်က အပြင်းကန်သွင်းချက်နဲ့ ဖာနန်ဒက်စ်က တစ်ဂိုးရယူခဲ့ပြီး အနီးကပ်ပိတ်သွင်းမှုကနေ နောက်ထပ်တစ်ဂိုးရရှိခဲ့ကာ အသင်းနိုင်ပွဲရဖို့ ကူညီပေးခဲ့ပါတယ်။


အစ္စတန်ဘူလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က နှစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ စပို့တင်းမှာ သူကန်သွင်းယူနေကျ ၁၈ ကိုက်စည်းထိပ်က အပြင်းကန်သွင်းချက်နဲ့ ဖာနန်ဒက်စ်က တစ်ဂိုးရယူခဲ့ပြီး အနီးကပ်ပိတ်သွင်းမှုကနေ နောက်ထပ်တစ်ဂိုးရရှိခဲ့ကာ အသင်းနိုင်ပွဲရဖို့ ကူညီပေးခဲ့ပါတယ်။ 

ယူနိုက်တက်က ၄-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘဝမှာ ပထမဆုံးအကြိမ် ဟက်ထရစ်သွင်းယူနိုင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ ပယ်နယ်တီရရှိခဲ့တာဖြစ်ပြီး ပုံမှန်ကန်သွင်းယူနေကျ ဖာနန်ဒက်စ်သာ ကန်သွင်းခဲ့မယ်ဆိုရင် ဟက်ထရစ်ရရှိမှာဖြစ်ပေမယ့် အသင်းဖော်တိုက်စစ်မှူးရက်ဖို့ဒ်ကိုသာ ပေါ်တူဂီကြယ်ပွင့်က ကန်သွင်းစေခဲ့ပါတယ်။ 

ဒီအပြုအမူအတွက်ကြောင့်လည်း ဖာနန်ဒက်စ်တို့ရဲ့ ချီးကျူးမှုကို ရရှိခဲ့ပြီး သူရရှိမယ့် မှတ်တမ်းတစ်ခုကို စွန့်လွှတ်ကာ အသင်းဖော်ကိုဦးစားပေးခဲ့တယ်လို့ ချီးမွမ်းခံခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်က အဆိုပါပယ်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ကာ ယူနိုက်တက်တို့ ၃-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အစ္စတန်ဘူလ်က ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပေမယ့် ဒန်နီရယ်ဂျိမ်းစ်က ပွဲသိမ်းဂိုးထပ်သွင်းကာ ဂိုးပြတ်အနိုင်ရရှိစေခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၉ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားဘဝ ပြိုင်ပွဲစုံ ၃၅ ပွဲကစားပြီးချိန်မှာပဲ ဂိုးပါဝင်ပတ်သက်မှုက ၃၄ ဂိုးအထိရှိနေခဲ့ပြီး ၂၁ဂိုးသွင်းယူကာ ၁၃ ကြိမ်ဖန်တီးပေးထားခဲ့ပြီး သူရောက်ရှိချိန်ကစကာ အသင်းရဲ့ သွင်းဂိုးအများစုက သူနဲ့မကင်းလွတ်ခဲ့တာပဲဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ဖာနန်ဒက်စ်က "ရက်ရှ်ဖို့်ဒ်က ချန်ပီယံလိဂ်မှာလည်း ထိပ်တန်းဂိုးသွင်းရှင်ပါ၊ သူ့ကို ကန်ခွင့်ပေးမယ်လို့လည်း ကျွန်တော်ပြောထားခဲ့ဖူးပြီးတော့ သူ ဂိုးရပြီး ယုံကြည်မှုရှိဖို့က ပိုအရေးကြီးပါတယ်၊ ဘယ်သူပဲ ဂိုးသွင်းသွင်း အသင်းဂိုးရဖို့က အဓိကပါ" လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 



က္က