အိမ်ကွင်းသွင်းဂိုးစံချိန်ကို လိုက်မီခဲ့တာပါ။

ဒီရာသီမှာ သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ရော်နယ်ဒိုက ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးဟာ ပွဲပေါင်း ၁၇၂ ပွဲမှာ ၁၃၁ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။


ဖီရန်ဗားရို့စ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျူဗီအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ နောက်ထပ်မှတ်တို်င်တစ်ခုကို စိုက်ထူလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ ဒီမှတ်တမ်းဟာ မက်ဆီကို လိုက်မီခဲ့တာဖြစ်ပြီးတော့ အသက် ၃၅နှစ်အရွယ် တိုက်စစ်မှူးဟာ ဗိုင်းရပ််စ်ပျောက်ကင်းပြီး ပြန်ကစားတဲ့ပွဲတိုင်း သွင်းဂိုးပါဝင်ပတ်သက်နေမှုကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ 



ဒီရာသီမှာ သူ့ရဲ့ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ရော်နယ်ဒိုက ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးဟာ ပွဲပေါင်း ၁၇၂ ပွဲမှာ ၁၃၁ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်အိမ်ကွင်းသွင်းဂိုး ၇၀ မြောက်လည်းဖြစ်လာခဲ့ပြီး မက်ဆီရဲ့ စံချိန်ကို လိုက်မီခဲ့တာဖြစ်တယ်လို့ OptaPaolo က ဖော်ပြခဲ့ပြီး ရော်နယ်ဒိုအတွက် နောက်ထပ်ထူးခြားမှတ်တမ်းဖြစ်လာခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဂျူဗီနည်းပြပီယာလိုက "သူက တကယ်ကိုကြီးမြတ်တဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးပါ၊ ဒါကို ကျွန်တော်တို့ သိပြီးသားပဲ၊ သူက စစ်မှန်တဲ့ ချန်ပီယံတစ်ဦးဖြစ်ပြီး သူ့အနားမှာရှိသူတိုင်းအတွက် ဥပမာကောင်းတစ်ခုပါပဲ၊ ပွဲစဉ်တွေမှာရော၊လေ့ကျင့်ရေးကွင်းတွေမှာပါ သူကစံပြပါ၊ သူ့ကို ပေးချင်တဲ့တစ်ခုတည်းသောအကြံကတော့ ဒီပုံစကို ဆက်ထိန်းသိမ်းထားပေးဖို့ပါပဲ" လို့ DAZN က တဆင့် ပြောဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၇ ပွဲကစားအပြီး ၉ ဂိုးအထိရရှိခဲ့ပြီလည်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မကစားခဲ့ရပေမယ့် ပြန်လည်ကစားပေးနေတဲ့ပွဲတွေမှာ ဂိုးသွင်းခြေစွမ်းပြနေခဲ့ပြီး ပီယာလိုအတွက် မရှိမဖြစ်ကစားသမား၊ အရေးအပါဆုံးကစားသမားအဖြစ်ရှိနေခဲ့ကာ ထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနေဆဲဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ဂျူဗီဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အတူ နောက်တဆင့်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်အတွက် ပထမဆုံးခြေလှမ်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က