အဆိုပါပယ်နယ်တီဂိုးနဲ့ လိုက်ဇစ်တို့ အရေးနိမ့်ခဲ့တာပါ။

ပီအက်စ်ဂျီအတွက် ဒီနိုင်ပွဲဟာ မဖြစ်မနေအရေးပါနေခဲ့တာဖြစ်ပြီး အနိုင်ရမှသာ နောက်တဆင့်အတွက် မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ 


ပီအက်စ်ဂျီကို အဝေးကွင်းမှာ နေမာရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် လိုက်ဇစ်နည်းပြနာဂယ်စမန်းက ပြိုင်ဘက်အသင်းကစားသမား ဒီမာရီယာဟာ ပယ်နယ်တီရဖို့ ဒိုက်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ပီအက်စ်ဂျီအတွက် ဒီနိုင်ပွဲဟာ မဖြစ်မနေအရေးပါနေခဲ့တာဖြစ်ပြီး အနိုင်ရမှသာ နောက်တဆင့်အတွက် မျှော်လင့်နိုင်မှာဖြစ်ပါတယ်။ 



ပယ်နယ်တီဧရိယာအတွင်းမှာ ဒီမာရီယာကို လိုက်ဇစ်ကစားသမား ဆာဘစ်ဇာက ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပြီး VAR ပြန်လည်ကြည့်ရှုခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က ပယ်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။ နေမာက အဆိုပါပြစ်ဒဏ်ဘောကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး အဆိုပါသွင်းဂိုးတစ်ဂိုးတည်းနဲ့ အနိုင်ရရှိခဲ့ကာ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။ 

နာဂယ်စမန်းကတော့ ပွဲအပြီးမှာ "ဒီပွဲမှာ ပဲရစ်က ဘာအခွင့်အရေးမှမရခဲ့ဘူးလို့ ကျွန်တော်ထင်တယ်၊ ပယ်နယ်တီကလည်း ရယ်ချင်စရာပါ၊ ချန်ပီယံလိဂ်လိုအဆင့်မှာ ဒီလိုမျိုး ပယ်နယ်တီဆုံးဖြတ်ချက်က တကယ်ကို စိတ်မကောင်းစရာပါပဲ၊ အဲဒါက ဒိုက်ဗင်ထိုးခဲ့တာပါပဲ၊ ဘယ်လိုဆက်နွယ်မှုမှမရှိခဲ့ပါဘူး၊ VAR က အခြားပွဲတွေလိုပဲ ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပါတယ်" လို့ Sky Germany ကို ပြောဆိုခဲ့ပါတယ်။ 

ပီအက်စ်ဂျီနည်းပြတူချယ်လ်ကတော့ "ကျွန်တော်တို့နိုင်ပွဲလိုအပ်နေခဲ့ပြီး အခု နိုင်ပွဲရခဲ့ပါတယ်၊ ဒီပွဲက တကယ်ကို ခက်ခဲခဲ့ပါတယ်၊ ပီအက်စ်ဂျီဘယ်လောက်ကောင်းလဲ ခင်ဗျားတို့မြင်တယ်မို့လား? ကျွန်တော်တို့ ခက်ခဲတဲ့အခြေအနေမှာရှိနေခဲ့ပေမယ့် တည်ငြိမ်အောင်ထိန်းနိုင်ခဲ့ပြီး နောက်ထပ်နိုင်ပွဲတွေရဖို့လည်း လိုအပ်နေပါတယ်" လို့ ပြောသွားခဲ့ပါတယ်။ 


ဒီအုပ်စုမှာတော့ ယူနိုက်တက်က ၉ မှတ်နဲ့ဦးဆောင်နေပြီး ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တို့က ၆မှတ်စီရရှိထားကြပါတယ်။ လက်ကျန်ပွဲတွေမှာ ပီအက်စ်ဂျီရော၊ လိုက်ဇစ်ပါ ယူနိုက်တက်နဲ့ကစားရဖို့ရှိနေပြီး နောက်တဆင့်အတွက် အသင်းသုံးသင်းက အခွင့်အရေးကိုယ်စီရှိနေကြပါတယ်။ 


က္က