၁၂ ပွဲကစားအပြီးမှာပဲ ၁၅ ဂိုးရခဲ့တာပါ။
Pyae Phyo Thein

ဒေါ့မွန်က ၃-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ ဟာလန်းက နှစ်ဂိုးနဲ့ ဆန်ချိုက တစ်ဂိုးသွင်းယူခဲ့ကာ နောက်တဆင့်ကိုတက်ရောက်ဖို့ အခြေအနေကောင်းခဲ့ပြီဖြစ်ပါတယ်။ 


နော်ဝေလူငယ်ကြယ်ပွင့်ဟာလန်းဟာ ကလပ်ဘရုဂ်နဲ့ပွဲမှာ ဒေါ့မွန်အတွက် အနိုင်ဂိုးနှစ်ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ သွင်းဂိုး ၁၅ ဂိုးကို အမြန်ဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ဒေါ့မွန်က ၃-၀ နဲ့ အနိုင်ရရှိခဲ့ရာမှာ ဟာလန်းက နှစ်ဂိုးနဲ့ ဆန်ချိုက တစ်ဂိုးသွင်းယူခဲ့ကာ နောက်တဆင့်ကိုတက်ရောက်ဖို့ အခြေအနေကောင်းခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၂ဝအရွယ်သာရှိသေးတဲ့ ဟာလန်းဟာ ဥရောပရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးတစ်ခုမှာ သွင်းဂိုး ၁၅ ဂိုးကို ၁၂ပွဲသာ ကစားပြီး ရယူနိုင်ခဲ့ကာ စုစုပေါင်းသွင်းဂိုးက ၁၆ ဂိုးအထိရှိလာခဲ့ပါပြီ။ ဆဲလ်ဘတ် နဲ့ ဒေါ့မွန်တို့အတွက် ကစားပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ ဒီစံချိန်ဟာ ရော်နယ်ဒို (ဒိုကြီး)၊ ဇီဒန်း၊ အူဘာမီယန်း၊ ဖာမီနိုတို့ထက်လည်း ချန်ပီယံလိဂ်သွင်းဂိုး ပိုမိုသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။
 


နာမည်ကျော်တိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ရောဘတ်တိုဆိုလ်ဒါဒို နဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့က ၁၉ ပွဲစီကစားအပြီးမှာ ၁၅ဂိုးပြည့်ခဲ့ပြီး အမြန်ဆုံးပြည့်မြောက်သူတွေအဖြစ် စံချိန်တင်ထားခဲ့ကြတာလည်းဖြစ်ပါတယ်။ အဆိုပါမှတ်တမ်းကို ဟာလန်းက ၁၂ ပွဲသာကစားပြီး ၇ ပွဲလျော့ကာ ၁၅ ဂိုးပြည့်အောင်သွင်းပြနိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီသွင်းဂိုးနှစ်ဂိုးကြောင့်လည်း ဟာလန်းရဲ့ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးက ၁၇ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ဘွန်ဒက်လီဂါမှာဆိုရင်လည်း ၁ဝဂိုး၊ ၁၀ ဖန်တီးပေးထားနိုင်တဲ့ Double Figures မှတ်တမ်းကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ Golden Boy ဆုကို ရယူနိုင်ခဲ့ပြီး ကစားခဲ့တဲ့ ၂ပွဲမှာ ဟာလန်းက ၆ ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းဟာ ကြောက်ခမန်းလိလိကို မြင့်တက်နေတာလည်းဖြစ်နေပါတယ်။ 


Author


က္က