ဂွါဒီယိုလာဟာ ချန်ပီယံလိဂ်ဆုဖလား ၂ကြိမ်ရဖူးပါတယ်။

ဂွါဒီယိုလာအနေနဲ့ ချန်ပီယံလိဂ်ဆုဖလားကို ဘာစီလိုနာမှာရှိစဥ် ၂ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိ မန်စီးတီးမှာတော့ အမြင့်ဆုံးအဆင့်အဖြစ် ကွာတားဖိုင်နယ်သာ တက်လှမ်းနိုင်ပါတယ်။

မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ပတ်ဂွါဒီယိုလာကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာ စွဲလန်းစရာ မဟုတ်ဘူး လို့ အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောလာခဲ့ပါတယ်။



မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရဖူးပဲ လက်ရှိနည်းပြ ဂွါဒီယိုလာ လက်ထက်မှာ ကွာ တားဖိုင်နယ်အထိသာ အမြင့်ဆုံး တက်လှမ်းနိုင်ခဲ့ပြီး ယခင် နည်းပြဟောင်း ပယ်လီဂရီနီလက်ထက်မှာတော့ ၂၀၁ ၆ ခုနှစ်က ဆီမီးဖိုင်နယ်ထိ တက်လှမ်းခဲ့ဖူးပါတယ်။

လက်ရှိ နည်းပြ ဂွါဒီယိုလာကတော့ ယခင် ဘာစီလိုနာအသင်းကို ကိုင်တွယ်စဥ်က ချန်ပီယံလိဂ်ဆုဖလားကို ၂ကြိမ် တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပေမယ့် လက်ရှိ မန်စီးတီးအသင်းမှာတော့ အလားတူ အောင်မြင်မှုမျိုးရဖို့ ခက်ခဲနေတာပါ။

“ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်၊အောင်မြင်နိုင်မယ့် အရေးကြီး အခွင့်အရေးတွေလည်း ရှိပြီး  ၁၆သင်းအဆင့်မှာ ပါဝင်ခွင့်ရတာဟာ အင်မတန်မှ ကောင်းမွန်တဲ့ အရာတစ်ခုပါ။ဒီနှစ်ကတော့ စောသေးပြီး အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ရှေးရှုထားပါတယ်။ဒါပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲဆိုတာ စွဲလန်းနေစရာ ပြိုင်ပွဲမျိုး တော့ မဟုတ်ပါဘူး။”လို့ ဂွါဒီယိုလာက ဆိုလိုက်တာပါ။

လက်ရှိ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အဖွင့်ပွဲ ၃ပွဲစလုံး အနိုင်ရထားပြီး ယနေ့ညမှာတော့ အိုလံပီယာကော့စ် အသင်းနဲ့ ဆက်လက်ကစားရပါမယ်။

အနိုင်ရပါက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ သေချာသွားမှာ ဖြစ်ပြီး ပေါ်တိုအသင်းနဲ့ မာဆေးလ် အသင်းတို့ရဲ့ ပွဲစဥ်ကိုတော့ စောင့်ကြည့်ပြီး အုပ်စုဗိုလ်လုရပါဦးမယ်။

မန်စီးတီးအနေနဲ့ ယခုနှစ်မှာ ချန်ပီယံလိဂ်ဆုဖလားကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆွတ်ခူးနိုင်မလားဆို တာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရပါမယ်။

ဂွါဒီယိုလာရဲ့ စွဲလန်းနေစရာ မလိုဘူးဆိုတဲ့ အပြောကတော့ အရင် ဘာစီလိုနာနဲ့ အောင်မြင်ခဲ့စဥ်တုန်းက မကြားခဲ့ ရပဲ အခု မန်စီးတီးနဲ့ လုပ်တိုင်းမဖြစ်ချိန်မှ ထွက်ပေါ်လာတာကတော့ ကြားရသူတွေအတွက် မစားရတဲ့ အမဲ သဲနဲ့ ပတ်သလိုများ ဖြစ်နေမလားပဲ။



က္က