ယနေ့ညမှာ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိပါတယ်။

ဆာလာကတော့ အီဂျစ်နဲ့ နိုင်ငံတကာ တာဝန်ထမ်းဆောင်နေစဥ် ကိုဗစ်ကူးစက်ခံခဲ့ရတာ ဖြစ်ပေမယ့် လက်ရှိမှာ ကိုဗစ်ပျောက်ကင်းသွားလို့ တနင်္လာနေ့မှစပြီး ကလပ်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေနိုင်ပါပြီ။

လီဗာပူး တိုက်စစ်မှူး ဆာလာကတော့ ကိုဗစ် ကူးစက်ခံခဲ့ရလို့ သီးသန့် နေထိုင်နေခဲ့ရာမှ အခုဆိုရင် ပြန်လည် ပျောက်ကင်းသက်သာသွားပြီ ဖြစ်ပါတယ်။



လီဗာပူးအသင်းနှင့်အတူ လေ့ကျင့်ခန်းတွေ အတူတကွ ပြုလုပ်နေနိုင်ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ လက်စတာကို ၃-၀နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ပါဝင်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

ဆာလာဟာ နိုင်ငံတကာပြိုင်ပွဲအတွက် အီဂျစ်အသင်းနဲ့ ပူးပေါင်းနေစဥ်မှာ ကိုဗစ် ကူးစက်ခံခဲ့ရတာ ဖြစ်ပြီး ၎င်းနှင့် အတူ အီဂျစ် အသင်းဖော် အာဆင်နယ် ကစားသမား အယ်နန်နီလည်း ကူးစက်ခံထားရပါတယ်။

ယနေ့ညမှာတော့ ဆာလာရဲ့ လီဗာပူးအသင်းက ချန်ပီယံလိဂ်ပွဲစဥ်အဖြစ် အတ္တလန်တာအသင်းနဲ့ ကစားရဖို့ရှိနေပြီး ပထမအကျော့တုန်းကတော့ လီဗာပူးက ၅-၀နဲ့ နိုင်ထားပါတယ်။

အဲ့ဒီတုန်းက ဆာလာအနေနဲ့ အသင်းအတွက် တစ်ဂိုးပါဝင်သွင်းပေးထားနိုင်ခဲ့ပြီး ယခုနှစ်ရာသီမှာ လီဗာပူးအတွက် စုစုပေါင်း ၁၀ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။

ပထမအကျော့မှာ ဂိုးပြတ်နိုင်ထားပေမယ့်လည်း အခုပွဲစဥ်ဟာ လွယ်ကူမှာမဟုတ်ပဲ အတ္တလန်တာရဲ့ အီတလီမြေ မှာ နိုင်ပွဲပြတ်ပြတ်သားသားရတာကလည်း ချွင်းချက်တစ်ခုအနေနဲ့သာ ဖြစ်ခဲ့တာပါလို့ လီဗာပူး နည်းပြ က‌လော့ပ် က မိမိကိုယ်ကို နှိမ့်ချပြောဆိုထားပါသေးတယ်။

ဆာလာအနေနဲ့ အခုပွဲစဥ်က ကိုဗစ်ကူးစက်ခံရပြီးနောက် လီဗာပူးအတွက် ပထမဆုံး ပြန်လည် ကစားပေးနိုင်မယ့် ပွဲဖြစ်လာမှာဖြစ်ပြီး ကလော့ပ်ကရော ခြေစွမ်းပြနေတဲ့ ဂျိုတာနဲ့ တွဲဖက်ပေးမလား၊အစားထိုးကစားစေမလား၊ဒါမှ မဟုတ် ဆက်လက် အနားပေးဦးမလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Share

Loading Next Article...
က္က