မက်ဆီက ယခုနှစ်ဘောလုံးရာသီအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်ပြည့်မှာပါ။

မက်ဆီ ဘာစီလိုနာမှာ ဆက်ရှိဖို့ဆိုရင် ရက်ပေါင်း ၆၀အတွင်း ဥက္ကဌသစ် ရွေးချယ်တင်မြှောက်နိုင်ဖို့ မျှော်လင့်ပြီး ဒါမှသာ မူဝါဒအသစ်တွေနဲ့ အစီအစဥ်အသစ်တွေကို ချမှတ်ကာ မက်ဆီကို အသင်းမှာဆက်ရှိနေဖို့ လုပ်ဆောင်နိုင် မယ်လို့ ဗစ်တာဖောင့်က ယုံကြည်နေပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌလောင်း ဗစ်တာဖောင့်က အသင်းမှာ မက်ဆီ ဆက်ရှိနေဖို့ဆိုရင် အနာဂတ် ပြိုင်ပွဲတွေ နဲ့ ပတ်သက်တဲ့ ဘာစီလိုနာရဲ့ အစီအစဥ်ကိုပွင့်ပွင့်လင်းလင်း ချပြနိုင်ဖို့ လိုတယ်လို့ သုံးသပ်ပြောလာခဲ့ပါတယ်။



မက်ဆီကတော့ ယခုနှစ်ဘောလုံးရာသီကုန်ရင် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး မကြာခင် ဇန်နဝါရီလ ၁ရက်နေ့မှာဆိုရင် စပိန်မဟုတ်တဲ့ အခြားကလပ်အသင်းတွေနဲ့ စာချုပ်သစ်အတွက် တရားဝင် ဆွေး နွေးခွင့်ရပြီလည်း ဖြစ်ပါတယ်။

“သူအသင်းက ထွက်မယ်ဆိုတာ မနှစ်ကတည်းက ပြောခဲ့တာပါ။ဒါပေမယ့် ကျွန်တော်မျှော်လင့်တာက ဥက္ကဌသစ် ရွေးကောက်ပွဲကို လာမယ့် ရက်ပေါင်း ၆၀အတွင်း လုပ်နိုင်ဖို့ပါ။ဒါဆိုရင် ဘုတ်အဖွဲ့အသစ်၊ဥက္ကဌသစ်နဲ့ အစီအစဥ် အသစ်တွေ အမြန်ဆုံးလုပ်ဆောင်နိုင်ပါမယ်။မက်ဆီအသင်းမှာ ဆက်ရှိနေဖို့ဆိုရင် အရှင်းဆုံးက အနိုင်ရနေဖို့ လို ပါတယ်။ အခုအသင်းမှာ ဒီအချက်ပျောက်ဆုံးနေပါတယ်။ ဒါကြောင့်ဥက္ကဌသစ် အမြန်ဆုံး အသင်းမှာ ခန့်အပ် နိုင်ဖို့ ကို ကျွန်တော် အများကြီး မျှော်လင့်နေတာပါ။ ကျွန်တော်တို့ ဖြစ်လာခဲ့မယ်ဆိုရင်တော့ သူ့ကိုအသင်းမှာဆက်နေဖို့ တိုက်တွန်းသွားမှာပါ။”လို့ ဗစ်တာက BBC သတင်းဌာနကိုပြောခဲ့ပါတယ်။

မက်ဆီကို ဘာစီလိုနာအသင်းက စာချုပ်ပြည့်ခဲ့ရင် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက ခေါ်ယူနိုင်ရေး ကြိုးပမ်းနေပြီး အဆိုပါ အသင်းမှာ မက်ဆီရဲ့ ဆရာဟောင်း ဂွါဒီယိုလာကလည်း ရှိနေလို့ မက်ဆီအတွက် ဆွဲ ဆောင်မှု တစ်ရပ် ဖြစ်နေပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာကိုယ်တိုင်က ပရိသတ်တစ်ဦးအနေနဲ့ မက်ဆီကို ဘာစီလိုနာမှာသာ ဆက်ရှိနေစေချင် တယ်လို့ ဆိုထားပါသေးတယ်။

“မက်ဆီကို ဘာစီလိုနာမှာပဲ ရှိစေချင်တယ်လို့ မန်စီးတီးနည်းပြ ပတ်ကလည်း ကျွန်တော်တို့ကို အမြဲပြောလေ့ရှိပါ တယ်။မက်ဆီဟာ ဘာစီလိုနာရဲ့ တစ်ဦးတည်းသော တစ်သင်းတည်း ကစားတဲ့ ကစားသမားပါပဲ။ဒါ့အပြင် သူ့ ကစားသမားဘဝကိုလည်း ဒီမှာပဲ အဆုံးသတ်စေချင်ပါတယ်။”လို့ ဖောင့်က ဆက်လက်ဆိုပါသေးတယ်။

လက်ရှိအချိန်မှာတော့ မက်ဆီဟာ ဘာစီလိုနာမှာသာရှိနေသေးပြီး မနေ့က ကစားခဲ့တဲ့ ဒိုင်နမိုကိဗ်နဲ့ ချန်ပီယံလိဂ် ပွဲမှာတော့ လူစာရင်းမပါခဲ့ပါဘူး။

ဒါဟာလည်း ပွဲကြပ်များစွာကစားနေရချိန် ကစားသမားအနေနဲ့ အနားရဖို့ လိုအပ်တာကြောင့် အနားပေးခြင်းဖြစ် တယ်လို့ နည်းပြ ကိုးလ်မန်းက ရှင်းလင်းထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က