ကလပ်အသင်းတိုင်း၊ ပြိုင်ပွဲတိုင်းကနေ အနားပေးဖို့ တောင်းဆိုခဲ့တာပါ။

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆုဖလားရယူပေးခဲ့တဲ့ နာပိုလီ၊ ဘာစီလိုနာနဲ့ ဘိုကာဂျူနီယာဂန္ထဝင်ကစားသမားကြီးဟာ မနေ့ကပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အသင်းတိုင်းမှာ နံပါတ် ၁၀ ဂျာစသီကို အနားပေးပြီး မာရာဒိုနာအတွက် ဂုဏ်ပြုပေးသင့်တယ်လို့ မာဆေးလ်နည်းပြဘိုအာ့စ်က ပြောဆိုလိုက်ပါတယ်။ နှလုံးဖောက်ပြန်မှုကြောင့် ကွယ်လွန်ခဲ့ရတဲ့ အာဂျင်တီးနားအကျော်အမော် မာရာဒိုနာအတွက် ဘိုအာ့စ်က သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။



၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ဆုဖလားရယူပေးခဲ့တဲ့ နာပိုလီ၊ ဘာစီလိုနာနဲ့ ဘိုကာဂျူနီယာတို့ရဲ့ ဂန္ထဝင်ကစားသမားကြီးဟာ မနေ့ကပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အသက် ၆၀ အရွယ်ရှိနေပြီဖြစ်တဲ့ မာရာဒိုနာရဲ့ ကွယ်လွန်မှုဟာ ဘောလုံးလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ အားလုံးက လက်ခံထားခဲ့ကြပြီး ဝမ်းနည်းစကားနဲ့ ဂုဏ်ပြုစကားတွေ အသီးသီးပြောဆိုခဲ့ကြပါတယ်။ 

မနေ့ညကလည်း အီတလီနိုင်ငံ၊ နေပယ်လ်မြို့မှာ မာရာဒိုနာရဲ့ ကလပ်ဟောင်းဖြစ်တဲ့ နာပိုလီအသင်းရဲ့ပရိသတ်တွေက ဆုတောင်းပွဲပြုလုပ်ခဲ့ကြပြီး နေပယ်လ်မြို့တော်ဝန်ဒီမာဂီစထရစ်ကလည်း နာပိုလီအသင်းအိမ်ကွင်း San Paolo နာမည်ကို ဒီယေဂိုအာမန်ဒိုမာရာဒိုနာဆိုတဲ့ နာမည်ပြောင်းဖို့အတွက် တိုက်တွန်းခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

"တကယ်ဝမ်းနည်းစရာကောင်းတဲ့ သတင်းပါ၊ ကျွန်တော့်ကို နည်းပြလောကထဲရောက်ရှိလာအောင် ပထမဆုံးတံခါးကို ဖွင့်ပေးခဲ့သူပါ၊ တကယ်ကို လက်ခံရခက်ခဲတဲ့ သတင်းဖြစ်ခဲ့ပြီး ဖီဖာအနေနဲ့ အသင်းအားလုံး၊ ပြိုင်ပွဲအားလုံးမှာ နံပါတ် ၁၀ ဂျာစီကို အနားပေးသင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်၊ ဒါက သူ့အတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာပါ၊ ဘောလုံးလောကအတွက်လည်း အကြီးမားဆုံးဆုံးရှုံးမှုပါပဲ" လို့ ဘိုအာ့စ်က ပြောခဲ့ပါတယ်။ 

မာရာဒိုနာရဲ့ ကွယ်လွန်မှုသတင်းထွက်ခဲ့ပြီးနောက် ကမ္ဘာကျော်ကစားသမားတွေ၊ နာမည်ကြီးဘောလုံးကလပ်တွေနဲ့ နာမည်ကျော်လူပုဂ္ဂိုလ်အများအပြားက ဝမ်းနည်းစကားဆိုခဲ့ကြပါတယ်။ ဘောလုံးလောကမှာ အရှိန်အဝါမသေးလှတဲ့ မာရာဒိုနာရဲ့ ဂုဏ်သတင်းကြီးမြတ်မှုအပေါ်မှာ အားလုံးက လေးစားမှုရှိနေခဲ့ကြရပြီး ဝမ်းနည်းဖွယ်ရာနေ့ရက်တစ်ရက်ကို ဖြတ်သန်းခဲ့ကြရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က