အာဂျင်တီးနားပြည်သူတွေ လာရောက်ခွင့်ရ၊မရဆိုတာကတော့ မသိရသေးပါဘူး။

ကွယ်လွန်ခဲ့ရှာပြီဖြစ်တဲ့ အာဂျင်တီးနားနာမည်ကျော်ကစားသမားကြီးမာရာဒိုနာဟာ နောက်ဆုံးအချိန်မှာ သူ နေထိုင်လို့မကောင်းဘူးဆိုတဲ့ စကားတစ်ခွန်းကို ပြောဆိုခဲ့ကြောင်းသိရပါတယ်။ အာဂျင်တီးနားဂန္ထဝင်ကစားသမားကြီးဟာ အသက် ၆၀ အရွယ်မှာကွယ်လွန်ခဲ့တာဖြစ်ပြီး နေအိမ်မှာပဲ နှလုံးဖောက်ပြန်ခဲ့ကာ မနေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။



ဦးနှောက်သွေးခဲမှုကြောင့် ခွဲစိတ်ကုသခံခဲ့ရပြီး ၂ပတ်အကြာမှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။ ၁၉၈၆ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအတွက် ရယူပေးခဲ့ပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဘုရားပေးသောလက်ဆိုတဲ့ သူ့ရဲ့သွင်းဂိုးက ဘောလုံးလောကမှာ အထင်ရှားဆုံးသွင်းဂိုးတစ်ဂိုးလည်း ဖြစ်ခဲ့ပြီး "ရာစုနှစ်ရဲ့ အကောင်းဆုံးဂိုး" အဖြစ်နဲ့လည်း သတ်မှတ်ခံခဲ့ရပါတယ်။ 

ကွယ်လွန်မယ့် ဗုဒ္ဓဟူးနေ့မနက်ပိုင်း (ယမန်နေ့) မှာ မာရာဒိုနာဟာ ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့ပြီး သူ နေထိုင်မကောင်းဘူးလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ "ငါ နေလို့မကောင်းဘူး" လို့ မာရာဒိုနာက သူ့ရဲ့တူဖြစ်သူကို ပြောခဲ့ပြီး အိပ်ယာထဲပြန်လှဲနေခဲ့တယ်လို့ ဆိုပါတယ်။ ဗြူနိုအေရိစ်မြို့က သူ့နေအိမ်မှာ မာရာဒိုနာရှိနေခဲ့တာဖြစ်ပြီး သူနာပြုဆရာမတစ်ဦးကို လာရောက်ကြည့်ရှုပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းတွေ မရောက်လာခင်မှာပဲ မာရာဒိုနာ ဆုံးပါးခဲ့ရတာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ မာရာဒိုနာရဲ့ ကွယ်လွန်မှုအတွက် သုံးရက်ကြာဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်သွားမယ်လို့ အာဂျင်တီးနားသမ္မတအယ်လ်ဘာတိုဖာနန်ဒက်ဇ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဝမ်းနည်းကြောင်းဆိုခဲ့ပါတယ်။ 


"မင်းက ငါတို့ကို ကမ္ဘာ့ထိပ်ဆုံးနေရာကို ပို့ဆောင်ပေးခဲ့ပါတယ်၊ အတိုင်းမသိပျော်ရွှင်စေခဲ့ပြီး အကြီးမြတ်ဆုံးပုဂ္ဂိုလ်တစ်ဦးပါပဲ၊ စိတ်လှုပ်ရှားစရာတွေအတွက် ကျေးဇူးတင်ပါတယ် ဒီယေဂို၊ ဘဝတလျှောက်လုံးအမြဲတမ်းသတိရနေမှာပါ" လို့ အယ်လ်ဘာတိုက သူ့ရဲ့တွစ်တာမှာ ရေးသားကာ ဝမ်းနည်းစကား၊ ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။ 

ဗြူနိုအေရိစ်ရဲ့ လမ်းမထက်တွေမှာလည်း ထောင်နဲ့ချီတဲ့ အာဂျင်တီးနားပြည်သူတွေကို ညှိုးငယ်မှုတွေနဲ့ မြင်တွေ့ခဲ့ရပြီး နာပိုလီအသင်းအခြေစိုက်ရာ နေပယ်လ်မြို့မှာလည်း မာရာဒိုနာကို ဂုဏ်ပြုခဲ့ကြပြီး မနေ့က ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း ပွဲမစတင်ခင်မှာ မာရာဒိုနာအတွက် ဂုဏ်ပြုမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

မာရာဒိုနာဟာ ကလေးငါးဦးဖခင်ဖြစ်ပြီး မိသားစုဝင်တွေကတော့ သူ ကွယ်လွန်မှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးတာကိုလည်း တွေ့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရောက်ရှိခဲ့ချိန်မှာ အသက်ကယ်တင်ပေးနိုင်ဖို့အတွက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လက်လျှော့ခဲ့ရကာ ကွယ်လွန်ကြောင်းအတည်ပြုခဲ့ရပြီး ဒေသစံတော်ချိန် ည ၁၂ နာရီဝန်းကျင်မှာ ကွယ်လွန်ခဲ့ကြောင်း ရှေ့နေတစ်ဦးဖြစ်သူ John Broyad က ပြောခဲ့ပါတယ်။ 

"သင်္ကာမကင်းဖြစ်စရာမျိုးကို မတွေ့ရပါဘူး၊ သူ့ရဲ့ ကွယ်လွန်မှုဟာ သဘာဝအလျောက်ကွယ်လွန်ခဲ့တယ်ဆိုတာကို အခြေအနေအရပ်ရပ်က ညွှန်ပြနေခဲဲ့ပါတယ်" လို့ သူက ထပ်ပြောခဲ့ပါတယ်။ မာရာဒိုနာရဲ့ ရုပ်အလောင်းကိုတော့ အာဂျင်တီးနားသမ္မတအိမ်တော်ကို ပြောင်းရွှေ့ထားမယ်လို့သိရပြီး ကြာသပတေးနေ့ မနက်ပိုင်းမှာ သီးသန့်ကြည့်ရှုလို့ရအောင် စီစဉ်ထားမယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က