လက်ရှိကစားနေဆဲနဲ့ အနားယူပြီးဖြစ်တဲ့ ကစားသမားအများအပြားက ဝမ်းနည်းကြောင်းဆိုခဲ့ကြပါတယ်။

ဘောလုံးလောကရဲ့ အချိန်တိုင်းရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ မာရာဒိုနာအတွက်လည်း ဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားတိုင်းလိုလိုက ဝမ်းနည်းကြောင်းစကားဆိုခဲ့ကြပါတယ်။ 


ဦးနှောက်တွင်းသွေးခဲ့မှုကို ခွဲစိတ်ကုသမှုခံယယူခဲ့ပြီး ၂ပတ်အကြာမှာ အာဂျင်တီးနားဂန္ထဝင်မာရာဒိုနာဟာ Heart Attack ဖြစ်ခဲ့မှုကြောင့် မနေ့ကပဲ ကွယ်လွန်ခဲ့ရပြီဖြစ်ပါတယ်။ ၁၉၈၆ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အာဂျင်တိုင်းသားကြီးဟာ ဗြူနိုအေရိစ်က နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကွယ်လွန်မှုက ဘောလုံးလောကတစ်ခုလုံးကို ကြေကွဲစေခဲ့ပါတယ်။ 



မာရာဒိုနာ ကွယ်လွန်တဲ့သတင်းကို အာဂျင်တီးနားသတင်းဌာနအများအပြားက ဖော်ပြခဲ့ကြပြီးနောက် နိုင်ငံတကာသတင်းဌာနတိုင်းကလည်း ဖော်ပြခဲ့ကြကာ အဆုံးသတ်မှာတော့ သူ အမှန်တကယ်ကွယ်လွန်ခဲ့တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဘောလုံးလောကရဲ့ အချိန်တိုင်းရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ မာရာဒိုနာအတွက်လည်း ဘောလုံးလောကရဲ့ နာမည်ကျော်ကစားသမားတိုင်းလိုလိုက ဝမ်းနည်းကြောင်းစကားဆိုခဲ့ကြပါတယ်။ 

အာဂျင်တီးနားနည်းပြအဖြစ် မာရာဒိုနာတာဝန်ယူခဲ့စဉ်မှာ သူနဲ့အတူလက်တွဲခဲ့တဲ့ အာဂျင်တီးနားရဲ့နောက်ထပ်အကျော်အမော်တစ်ဦးဖြစ်တဲ့ မက်ဆီက "အာဂျင်တိုင်းသားအားလုံးနဲ့ ဘောလုံးလောကအတွက် တကယ်ကိုစိတ်မကောင်းဖွယ်ရာနေ့ပါပဲ၊ သူ ကျွန်တော်တို့ကို စွန့်ခွာသွားခဲ့ပေမယ့် သူ မထွက်သွားပါဘူး၊ ဘာလို့လဲဆိုတော့ ဒီယေဂိုက ထာဝရဖြစ်နေလို့ပါ၊ သူနဲ့အတူရှိခဲ့တဲ့ အမှတ်တရကောင်းတွေကို ကျွန်တော်ထိန်းသိမ်းထားမှာပါ"

"သူ့မိသားစုနဲ့ သူငယ်ချင်းတွေအားလုံးကို ကျွန်တော်ဝမ်းနည်းကြောင်း ပြောချင်ပါတယ်၊ ငြိမ်းချမ်းစွာအနားယူပါ" လို့ ရေးသားခဲ့ပြီး မာရာဒိုနဲ့အတူတကွ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံနှစ်ပုံနဲ့အတူ သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။ မာရာဒိုနာရဲ့ သမက်ဟောင်းဖြစ်တဲ့ အာဂျင်တီးနားနဲ့ မန်စီးတီးတိုက်စစ်မှူးအဂူရိုကလည်း "ကျွန်တော်တို့အားလုံး ခင်ဗျားကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး၊ ကျွန်တော်နဲ့အတူ အမြဲရှိနေမှာပါ" လို့ ဆိုခဲ့ပါတယ်။ 

မာရာဒိုနာရဲ့ ကလပ်အသင်းဟောင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ နာပိုလီနဲ့ ဘိုကာဂျူနီယာတို့ကလည်း သူတို့ရဲ့ဂန္ထဝင်ကစားသမားအတွက် ဝမ်းနည်းစကားတွေအသီးသီးပြောဆိုခဲ့ကြပြီး အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကလည်း "ငါတို့ရဲ့နှလုံးသားထဲမှာ မင်း အမြဲတမ်းရှိနေမှာပါ၊ ကျွန်တော်တို့ရဲ့ ဂန္ထဝင်ဖြစ်တဲ့ ဒီယေဂိုမာရာဒိုနာကွယ်လွန်တဲ့အတွက် အကြီးမားဆုံးဝမ်းနည်းမှုဖြစ်ရပါတယ်" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ 

ဘရာဇီးလ်ဂန္ထဝင်ကစားသမားကြီးပီလီကလည်း သူ့ရဲ့တွစ်တာမှာ "တကယ်ကိုဝမ်းနည်းဖွယ်ရာသတင်းပါပဲ၊ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ဦးကို ဆုံးရှုံးခဲ့ရပြီး ကမ္ဘာကြီးကလည်း ဂန္ထဝင်တစ်ဦးကို ဆုံးရှုံးခဲ့ရပါတယ်၊ ပြောစရာတွေအများကြီးရှိနေသေးပေမယ့်လည်း အခုအချိန်မှာ သူ့ရဲ့မိသားစုဝင်တွေကို ဘုရားသခင်က ခွန်အားပေးပါစေ၊ တနေ့နေ့ကျရင် ကောင်းကင်ဘုံမှာ အတူတူဘောလုံးကစားခွင့်ရမယ်လို့ မျှော်လင့်ပါတယ်" လို့ ဝမ်းနည်းဖွယ်ရေးသားခဲ့ပါတယ်။ 

နာမည်ကျော်ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုကလည်း "ဒီနေ့မှာ သူငယ်ချင်းတစ်ဦးကို ကျွန်တော်နှုတ်ဆက်စကားဆိုရပါပြီ၊ ကမ္ဘာကြီးကလည်း ထာဝရရှိနေမယ့် ပါရမီရှင်တစ်ဦးကို နှုတ်ဆက်ခဲ့ရပါတယ်၊ အကောင်းဆုံးတွေထဲက တစ်ဦး၊ ဘယ်သူနဲ့မှမတူညီနိုင်တဲ့ မှော်ဆရာ၊ သူထွက်ခွာသွားတာ စောလွန်းပါတယ်၊ ဒါပေမယ့်လည်း အကန့်အသတ်မရှိတဲ့ အမွေအနှစ်တွေကို ချန်ထားရစ်ခဲ့ပြီး ဘယ်သူကမှလည်း ပြည့်ဝအောင်ဖြည့်ဆည်းနိုင်မှာမဟုတ်ပါဘူး၊ ငြိမ်းချမ်းစွာအနားယူပါ၊ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး" လို့ ဆိုခဲ့ပါတယ်။ 


အင်္ဂလန်ကစားသမားဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီန်၊ ဂယ်ရီလိုင်နီကာ၊ အင်္ဂလန်လက်ရွေးစင်အသင်း၊ ဂျင်မီကာရေဂါ၊ မိုက်ကယ်အိုဝင်တို့ကလည်း ဝမ်းနည်းစကားအသီးသီးရေးသားပြောဆိုခဲ့ပြီး အေစီမီလန်တိုက်စစ်မှူးဇလာတန်နဲ့ အခြားသောနာမည်ကျော်ကစားသမားတွေကလည်း ကိုယ်စီကိုယ်ငှဝမ်းနည်းစကားနဲ့ ဂုဏ်ပြုစကားတွေကို ပြောဆိုခဲ့ကြကာ မာရာဒိုနာရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ထင်ဟပ်စေခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က