နာရေး လိုက်ပို့ကြချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ထောင်နှင့်ချီတဲ့ လူအုပ်ကြီး တစ်စတစ်စ ပိုမိုများပြားလာချိန်မှာတော့ လုံခြုံရေး တာဝန်ရှိသူများက ရုတ်ရင်း ဆန်ခတ် ဖြစ်ရပ်တွေကို ဖြိုခွင်းဖို့ မျက်ရည်ယိုဗုံး၊မီးသတ်ပိုက်တွေအသုံးပြု ဖြိုခွင်းခဲ့ရပါတယ်။

ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အာဂျင်တီးနား ဂန္တဝင်ဘောလုံးသမား မာရာဒိုနာရဲ့ ဈာပနအခမ်းအနားမှာ နာရေး လိုက်ပို့သူ ပရိသတ်တွေရဲ့ ရုန်းရင်ဆန်ခတ် ဖြစ်ပွားမှုကြောင့် လုံခြုံရေးတွေ အင်အားသုံး ဖြိုခွင်းခဲ့ရပါ တယ်။



မာရာဒိုနာကတော့ အသက် ၆၀အရွယ်မှာ နှလုံး ရုတ်တရက်ဖောက်ပြီး နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ကာဆာရိုဆာဒါမှာ ထားရှိပြီး သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဗြူနိုအေရိစ်မှာ ဝမ်းနည်း ခြင်း အထိမ်းအမှတ် ၃ရက်ပြုလုပ်သွားမယ်လို့ အာဂျင်တီးနား သမ္မတက ကြေညာခဲ့ပါတယ်။

ရုပ်ကလပ်ကို သယ်ဆောင်ရာမှာတော့ ခေါင်းတလားပေါ်မှာအာဂျင်တီးနားအလံ၊ဘောလုံးအင်္ကျီမှာ သူစွဲစွဲမြဲမြဲဝတ် ဆင်ခဲ့တဲ့ နံပါတ် ၁၀ကို ရေးထိုးကာ သယ်ဆောင်ခဲ့ပါတယ်။

ထောင်နှင့်ချီတဲ့ သူ့ကိုချစ်တဲ့ ပရိသတ်တွေဟာ နာရေးကို လိုက်ပါပို့ဆောင်ခဲ့ကြပြီး လူအုပ်များပြားလာတာနဲ့ အမျှ လုံခြုံရေး တာဝန်ရှိသူတွေက ရုတ်ရင်းဆန်ခတ်ဖြစ်လာတော့မယ့် လူအုပ်ကြီးကို မျက်ရည်ယိုဗုံးများ၊မီးသတ်ပိုက် များသုံးပြီး ဖြိုခွဲခဲ့ရပါတယ်။

မာရာဒိုနာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ သူ့မိဘများ လဲလျောင်းခဲ့ရာ မွေးရပ်မြေ မြို့အပြင်ဖက်က ဗယ်လာ ပီစတာ သင်္ချိုင်းမှာပဲ မြှုပ်နှံခဲ့ကြပါတယ်။

၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အသင်းနှင့်အတူ ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ မာရာဒိုနာဟာ ၂၀၀၈ကနေ၂၀၁၀အထိလည်း အာဂျင်တီးနား နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့ပါသေးတယ်။

သူသေဆုံးသွားပြီးနောက် ကလေး ၅ဦး ကျန်ရစ်ခဲ့ပြီး ကလေးတွေရဲ့ မိခင်ဖြစ်သူ ကလာဒီရာဗီလာဖန်နဲ့တော့ ၂၀၀၄ခုနှစ်ကတည်းက ကွာရှင်းထားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က