နေမာကတော့ ကမ္ဘာ့စျေးအကြီးဆုံး ကစားသမားတစ်ဦးပါ။

နေမာရဲ့ လက်ရှိ စွမ်းဆောင်ရည်အရ ဥရောပရဲ့ ထိပ်တန်း ကစားသမား ၃၀ဦးစာရင်းမှာတောင် မပါဝင်ပါဘူးလို့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌလောင်း တိုနီဖရောဇာက ပြောလိုက်တာပါ။

ပီအက်စ်ဂျီအသင်းက ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူးနေမာကို ဘာစီလိုနာအသင်းထံ ပြန်ခေါ်မယ်ဆိုတဲ့သတင်း တွေနဲ့ ပတ်သက်ပြီး လက်ရှိ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌနေရာအတွက် အရွေးချယ်ခံ ဝင်ပြိုင်ထားတဲ့ တိုနီဖရေဇာ ကတော့ အခုလိုပဲ ပြတ်ပြတ်သားသားပြောဆိုလာပါတယ်။



နေမာဟာ ၂၀၁၇ခုနှစ်တုန်းက ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ သွားခဲ့သူပါ။

လက်ရှိအချိန်မှာလည်း နေမာရဲ့ ဘောလုံးစွမ်းရည်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မဟုတ်သည့် တိုင် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးလို့ အများက လက်ခံထားခြင်း ခံထားရသူပါ။

“ကျွန်တော် ဘာစီလိုနာ ဥက္ကဌဖြစ်လာရင်တော့ ခေါ်မယ့် ကစားသမားစာရင်းမှာ နေမာမပါဝင်ပါဘူး။ဘာလို့လဲဆို တော့ လက်ရှိ သူ့ရဲ့ စွမ်းဆောင်ရည်က ဥရောပရဲ့ ထိပ်တန်း ၃၀ဦးစာရင်းထဲတောင် ရှိမနေနိုင်ပါဘူး။”လို့ cadenaSER သတင်းဌာနကို ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

တဆက်တည်းမှာပဲ အရေးကြီးဆုံးက ဘာစီလိုနာဟာ ဘာစီလိုနာသာ ဖြစ်နေဖို့ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက် အပေါ်မှာမှ မှီခိုနေခြင်း မပြုသင့်ဘူးလို့လည်း ၎င်းကပြောပါသေးတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နေမာကတော့ ပေါင် သန်း ၂၀၀နဲ့ ဘာစီလိုနာက ဝယ်ယူထားရတဲ့ ကမ္ဘာစျေးအကြီးဆုံး ကစား သမားတစ်ဦး ဖြစ်ကာ ပီအက်စ်ဂျီအသင်းအတွက် ၉၃ပွဲမှာ ၇၃ဂိုးထိ သွင်းယူပေးထားနိုင်ပါပြီ။

နိုင်ငံအသင်းဖြစ်တဲ့ ဘရာဇီးအတွက်လည်း ပွဲပေါင်း ၁၀၃ပွဲ ကစားပေးထားနိုင်ကာ ဘာစီလိုနာမှာရှိစဥ် မက်ဆီ၊ဆွာ ရက်ဇ်တို့နဲ့ပေါင်းပြီး ကြောက်စရာကောင်းလှတဲ့ MSN တိုက်စစ်အတွဲကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က