တစ်နှစ်ကိုတော့ ပေါင် ၄၅သန်းသာ ကစားသမား လုပ်ခအတွက် ကုန်ကျပါတော့မယ်။

၃နှစ်အတွင်းကစားသမားတွေကို ပေးချေနေရတဲ့ လုပ်ခတွေထဲက ပေါင် သန်း ၁၁၀ကို လျော့ချဖို့ ညှိနှိုင်းနိုင်ခဲ့တာ ဖြစ်ပြီး ဒါဟာ ကိုဗစ်ကြောင့် ရိုက်ခတ်တဲ့ စီးပွားရေးကြောင့် လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လာမယ့် ၃နှစ်တာ ကာလအတွင်းမှာ ကစားသမားတွေအားလုံးကို ပေးချေနေရတဲ့ လုပ်ခ တွေထဲက ပေါင် သန်း ၁၁၀အထိ လျော့ချပေးဆောင်နိုင်ရေးကို ကစားသမားတွေနဲ့ ညှိနှိုင်းနေရာမှာ ယခုအခါ သဘောတူညီမှု ရရှိသွားပြီလို့ အတည်ပြု ထုတ်ပြန်လာပါတယ်။



ဒီလို လျော့ချဖို့ ညှိနှိုင်းရတာကလည်း ကိုဗစ်ကာလမှာ အသင်းကို ထိခိုက်နစ်နာမှုများစွာရရှိခဲ့တဲ့အတွက် ကစာသးမားတွေရဲ့ လုပ်ခတွေကို တစ်ဦးချင်းစီ လျော့ယူပေးကြဖို့ တောင်းဆိုခဲ့တာပါ။

ပေါင်း သန်း ၁၁၀အထိ လျော့ချနိုင်ပေမယ့်လည်း အဆိုပါ လုပ်ခပေးချေရေး ကာလတွေအတွင်းမှာတော့ ဘာစီလိုနာဟာ လုပ်ခအဖြစ် ပေါင်း၄၅သန်းအထိ တစ်နှစ်ကို ပေးချေနေရပါမယ်။

အခုလိုမျိုး သဘောတူညီမှုရရှိဖို့အတွက် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ မက် ဆီ၊ဂရုဇ်မန်းတို့အပြင် နည်းပြ ကိုးလ်မန်းတို့နဲ့ အကျေအလည် ဆွေးနွေးခဲ့ပြီးမှ သဘောတူညီမှုကိုရရှိခဲ့တာပါ။

“ယခုနှစ်ဘောလုံးရာသီအတွက် နှစ်ဖက်အကြား လစာလျော့ချနိုင်ရေးအတွက် သဘောတူညီမှုရရှိခဲ့ပါပြီ။ ယူရို ၁၂၂ သန်းအထိ လျော့ချနိုင်ရေးညှိနှိုင်းနိုင်ခဲ့ကြပါတယ်။ လက်ရှိမှာ သဘောတူညီမှုကို လာမယ့် ရက်အနည်းငယ် အထိ စောင်းဆိုင်းနေစေပြီး ကစားသမားများနဲ့ နည်းပြများရဲ့ နောက်ဆုံး ကတိပြုဖို့ လိုအပ်နေပါသေးတယ်။ဒါ အောင်မြင်ခဲ့ရင်တော့ လက်ရှိ စီးပွားရေး အခြေအနေကို အကောင်းဆုံး ပြန်လည် ကိုင်တွယ်ဆောင်ရွက်နိုင်တော့ မှာပါ။”လို့ ဘာစီလိုနာအသင်းက သောကြာနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိအနေအထားနဲ့ နောက် တစ်ဆင့်ကို တက်လှမ်းထားနိုင်ပြီ ဖြစ်ပြီး ပြည်တွင်းလိဂ်မှာတော့ အနည်းငယ် ရုန်းကန်နေရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က