ယနေ့ညမှာ အဝေးကွင်း ကစားရမှာပါ။

ဒဏ်ရာကြောင့် မခေါ်ဆောင်လာတာ မဟုတ်ပဲ အနားပေးချင်ရုံ သက်သက်သာ မခေါ်ဆောင်လာခြင်း ဖြစ်တယ် လို့လည်း နည်းပြ ပီယာလိုက ပြောပါတယ်။

ယနေ့ည မြန်မာစံတော်ချိန် ၁၁နာရီခွဲမှာ ယှဥ်ပြိုင်ကစားရမယ့် ဘီနီဗန်တိုနဲ့ပွဲမှာ ဂျူဗင်တပ်အသင်းဟာ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုကို ထည့်သွင်းအသုံးပြုသွားမှာ မဟုတ်ပါဘူး။



အကြောင်းကတော့ အသက် ၃၅နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်မှူးကြီးကို နည်းပြ ပီယာလိုက အနားပေးချင်ယုံ သက်သက်နဲ့သာ မခေါ်သွားခြင်း ဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီစကတည်းက ရော်နယ်ဒိုဟာ ကလပ်ရောနိုင်ငံအသင်းအတွက်ပါ ကစားပေးခဲ့ရသလို ကိုဗစ် လည်း ကူးစက်မှုဒဏ်ကို ခံစားခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ ကယ်ဂလီယာရီကို ၂-၁နဲ့ နိုင်တဲ့ပွဲမှာ အသင်းအတွက် ၂ဂိုးသွင်းယူပေးနိုင်ခဲ့သလို ဖီရန်ဗားရို့စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ယခုနှစ်အတွက် ပထမဆုံး ချန်ပီယံလိဂ် သွင်းဂိုးကို ရရှိခဲ့ပါသေးတယ်။

ရော်နယ်ဒို ယခု ခရီးစဥ်ကို မပါဝင်လာပေမယ့် အခြားအဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မိုရာတာနဲ့ဒိုင်ဘာလာတို့ကို တော့ ပီယာလိုက ခေါ်ဆောင်လာပါတယ်။

ပွဲကြို သတင်းစာရှင်းလင်းပွဲမှာလည်း ရော်နယ်ဒိုမပါတာ ဒဏ်ရာကြောင့် မဟုတ်ပဲ ပွဲကြပ်ကာလများတာကြောင့် အနားပေးချင်တဲ့အတွက် မခေါ်လာခြင်း ဖြစ်တယ်လို့ ပီယာလိုက ဆိုပါသေးတယ်။

“အနားယူဖို့ သူကိုယ်တိုင်လည်း သဘောတူခဲ့ပါတယ်၊ ပွဲများစွာကစားထားပြီးပါပြီ၊သူအရမ်းလည်း ပင်ပန်းနေမှာပါ ၊ဒါကြောင့် ဘီနီဗန်တိုကို မခေါ်လာဖို့ စီစဥ်လိုက်တာပါ။”လို့ နည်းပြ ပီယာလိုက ပြောပါတယ်။

ပီယာလိုရဲ့ ဂျူဗင်တပ်အသင်းကတော့ စီးရီးအေမှာ ရမှတ် ၁၆မှတ်နဲ့ အဆင့် ၄မှာရပ်တည်နေပြီး အဆင့် ၁က အေစီမီလန်အသင်းအောက် ၄မှတ်လျော့နည်းနေပါတယ်။

ချန်ပီယံလိဂ်မှာတော့ နောက်တစ်ဆင့်အတွက် အခြေအနေကောင်းတယ်ဆိုပေမယ့် အဓိက ပြိုင်ဖက် ဘာစီလိုနာ အသင်းအောက် အုပ်စု ဒုတိယနေရာမှာ ၉မှတ်နဲ့ ရပ်တည်နေရပါတယ်။



က္က