လက်ရှိမှာတော့ အဆိုပါ အလုပ်သမား ၃ဦးကို အလုပ်ထုတ်လိုက်ပြီလို့ သိရပါတယ်။

ဓာတ်ပုံရိုက်ပြီး အွန်လိုင်းတင်ခဲ့ရာကနေစပြီး မာရာဒိုနာ မိသားစုဝင်တွေနဲ့ ပရိသတ်တွေက ဒေါသတကြီးနဲ့ တရားမျှတမှုပြုလုပ်ပေးရေး တောင်းဆိုလာကြတာပါ။

နှလုံးဖောက်ပြီး ရုတ်တရက်ကွယ်သွားခဲ့တဲ့ ကမ္ဘာကျော် ဘောလုံးသမားကြီး မာရာဒိုနာရဲ့ စျာပနကို ဗုဒ္ဓဟူးနေ့က ပြလုပ်ခဲ့ပါတယ်။



မာရာဒိုနာရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်အလောင်းကို သင်္ဂြိုလ်ဖို့အတွက် အသုဘအလုပ်သမား ၃ဦးကို တာဝန်ပေးထားခဲ့ ရာမှာတော့ အဆိုပါ အလုပ်သမားတွေဟာ မာရာဒိုနာရဲ့ ရုပ်အလောင်းနဲ့ ဆဲလ်ဖီအတူတူတွဲရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ လူမှုရွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။

ဓာတ်ပုံ ၂ခုမှာဆိုရင် ခေါင်းတလားကို ဖွင့်ပြီး မာရာဒိုနာရဲ့ ရပ်အလောင်းဘေးပတ်ပတ်လည်မှာ အဆိုပါ အသုဘ အလုပ်သမား ၃ဦးက လက်မတွေထောင်ပြီး ပြုံးကာ ဆဲလ်ဖီရိုက်ခဲ့ကြတာပါ။

လတ်တလောမှာတော့ မာရာဒိုနာရဲ့ ရုပ်အလောင်းနဲ့ ဓာတ်ပုံရိုက်ထားမှုကို လူမှုကွန်ရက်ပေါ်တင်ခဲ့တဲ့ အဆိုပါ အသုဘ အလုပ်သမား ၃ဦးကိုတော့ အလုပ်က ထုတ်ပယ်လိုက်ပြီး ဖြစ်ပေမယ့် ပြဿနာက ဒီမှာတင် ပြီးဆုံးမှာ မဟုတ်ပါဘူး။

ဒီအပေါ်မှာတော့ မာရာဒိုနာရဲ့ အေးဂျင့်လည်းဖြစ်ရှေ့နေလည်းဖြစ်တဲ့ မာတီးယက်စ်မိုလာက -အဆိုပါ အသုဘ လုပ်သား၃ဦးရဲ့ အပြုအမူနဲ့ပတ်သက်ပြီး ဥပဒေအရ အရေးယူခြင်း ပြုလုပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

 “ကျွန်တော့်သူငယ်ချင်းရဲ့ ဘဝ မှတ်တိုင်အတွက် ဒီအရာတွေကို သူတို့ ပြန်မပေးဆပ်မချင်း ကျွန်တော် အနားယူမှာ မဟုတ်ပါဘူး။”လို့ မိုလာက ဆိုခဲ့ပါတယ်။

မာရာဒိုနာရဲ့ ပရိသတ်တွေကလည်း ဒီလိုမျိုး လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ အသုဘအလုပ်သမားတွေရဲ့ လုပ်ရပ်ကို မကျေ မနပ်နိုင်ဖြစ်နေကြပြီး တရားမျှတမှု လုပ်ပေးရေး ဒေါသတကြီး တောင်းဆိုနေကြပါပြီ။

အသုဘအလုပ်သမား ၃ဦးကို ဘယ်လို ပြစ်ဒဏ်မျိုး ပေးနိုင်မလဲဆိုတာနဲ့ သူတို့ ဘယ်လို ပြစ်ဒဏ်မျိုး ကျခံရမလဲ ဆိုတာ မသိရသေးပေမယ့် နောင်ဆိုရင် ကမ္ဘာကျော်တွေနဲ့ တွဲရိုက်ဖို့တော့ သူတို့ ၃ဦး လက်တွန့်သွားမှာတော့ အသေအချာပါပဲ။


ဆက်စပ်အကြောင်းအရာများ



က္က