ဘီနီဗန်တိုနဲ့ တစ်ဂိုးစီသရေကျခဲ့တာပါ။

ရော်နယ်ဒိုမပါဝင်တာက သူတို့အတွက် အားနည်းချက်ကြီးတစ်ခုအဖြစ်ရှိနေတယ်ဆိုတာကို ပိုမိုထင်ရှားစေခဲ့သလို ပီယာလိုအတွက်လည်း ဒီပြသနာကိုဖြေရှင်းနိုင်ဖို့ ကြိုးစားရတော့မှာပါ။ 


ပွဲပန်းမှုဒဏ်ကြောင့် ရော်နယ်ဒိုကို အနားပေးခဲ့တဲ့ အကျိုးဆက်ဟာ ဂျူဗင်တပ်စ်အသင်းကို အဝေးကွင်းမှာ သရေနဲ့သာကျေနပ်စေခဲ့ရပြီဖြစ်ပါတယ်။ ဘီနီဗန်တိုနဲ့



ကစားခဲ့တဲ့ မနေ့က ပွဲစဉ်မှာ ဂျူဗီဟာ တစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပြီး ရော်နယ်ဒိုမပါဝင်တာက သူတို့အတွက် အားနည်းချက်ကြီးတစ်ခုအဖြစ်ရှိနေတယ်ဆိုတာကို ပိုမိုထင်ရှားစေခဲ့သလို ပီယာလိုအတွက်လည်း ဒီပြသနာကိုဖြေရှင်းနိုင်ဖို့ ကြိုးစားရတော့မှာပါ။ 

ဗိုင်းရပ်စ်ကူးစက်မှုကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ရော်နယ်ဒိုက အသင်းအတွက် ပွဲတိုင်းကိုပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းပြနေခဲ့ပါတယ်။ ဒါပေမယ့် အသက်အရွယ်အရ ရော်နယ်ဒိုကို အနားပေးဖို့လိုအပ်နေပြီး ပီယာလိုက ဘီနီဗန်တိုနဲ့ပွဲအတွက် အသင်းလူစာရင်းကနေ ချန်လှပ်ခဲ့ပြီး မိုရာတာနဲ့ ဒီဘာလာတို့ကိုသာ အသုံးပြုခဲ့ကာ အဝေးကွင်းမှာ သရေပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ပီယာလိုကို ရော်နယ်ဒိုမပါဝင်မှုနဲ့ပတ်သက်ပြိး မေးမြန်းခဲ့ရာမှာ "သူ့မှာ အသေးစားဒဏ်ရာပြသနာရှိနေပါတယ်၊ အဲဒီဒဏ်ရာနဲ့ သူ ချန်ပီယံလိဂ်ပွဲကို ဝင်ကစားပေးခဲ့ပြီး နိုင်ငံတကာပွဲတွေလည်း သူကစားခဲ့လို့ အနားယူဖို့က လိုအပ်နေပါတယ်၊ သူက ထပ်တိုးတန်ဖိုးတစ်ခုပါ၊ ဒါပေမယ့် သူမကစားနိုင်တဲ့ အချိန်အတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားရမှာပါ၊ ကစားသမားအများအပြားကို နိုင်ငံတကာပွဲတွေအတွက် စေလွှတ်ခဲ့ရသလို ချန်ပီယံလိဂ်ကလည်း ကစားခဲ့ရပါတယ်"

"ဒီလိုအခါမျိုးမှာ ကျွန်တော်တို့က အခက်အတွေ့ရဆုံးအသင်းဖြစ်နေပါတယ်" လို့ ပီယာလိုက ပြောဆိုခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ ဂျူဗီအနေနဲ့ ရော်နယ်ဒို ပြန်လည်ကစားပေးနိုင်ခဲ့တဲ့နောက် တစ်ဂိုးတည်းသွင်းယူနိုင်တဲ့ ပွဲအဖြစ် လာဇီယိုနဲ့ပွဲသာ ရှိခဲ့ပြီး အဆိုပါပွဲက သွင်းဂိုးကိုလည်း ရော်နယ်ဒိုကပဲ သွင်းယူပေးခဲ့ကာ ကျန်ပွဲတွေမှာတော့ တစ်ပွဲကို ပျမး်မျှနှစ်ဂိုးနဲ့အထက် ရရှိနေခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် ရော်နယ်ဒိုက ဂျူဗီရဲ့ အဓိကကစားသမားအဖြစ် ရှိနေဆဲဖြစ်ပြီး သူ မကစားပေးနိုင်တာက အသင်းကို တော်တော်လေးအင်အားနည်းပါးစေတယ်ဆိုတာကိုလည်း ဘီနီဗန်တိုနဲ့ပွဲမှာ ထပ်မံမြင်တွေ့ခဲ့ရတာလညး်ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က