နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံအိမ်ကွင်းငါးပွဲမှာ သုံးပွဲအထိလည်း ရီးရဲလ်တို့ အရေးနိမ့်ခဲ့ရကာ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲပေါင်း ၃၁ ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အရေအတွက်နဲ့ တူညီနေခဲ့ပါတယ်။
အလာဗက်စ်ကိုအိမ်ကွင်းမှာရှုံးနိမ့်ခဲ့အပြီး ဒီပွဲနဲ့ပတ်သက်ပြီး မရှင်းပြတတ်တော့ဘူးလို့ နည်းပြဇီဒန်းက ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်ဟာ အလာဗက်စ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ အိမ်ကွင်းရလဒ်တွေဆိုးရွားနေခဲ့ကာ ဇီဒန်းအတွက်လည်း ခေါင်းကိုက်စရာဖြစ်နေခဲ့ပြီး အခုလို ညည်းတွားပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် လာလီဂါအိမ်ကွင်း ၃ပွဲအထိ ရီးရဲလ်တို့ အရေးနိမ့်ခဲ့ပြီးဖြစ်သလို အက်သလက်တီကိုမက်ဒရစ်၊ ရီးရဲလ်ဆိုဆီဒက်တို့နဲ့လည်း ၆ မှတ်အထိကွာဟနေပြီဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံအိမ်ကွင်းငါးပွဲမှာ သုံးပွဲအထိလည်း ရီးရဲလ်တို့ အရေးနိမ့်ခဲ့ရကာ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲပေါင်း ၃၁ ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အရေအတွက်နဲ့ တူညီနေခဲ့ပါတယ်။
ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ဇီဒန်းက "ရှင်းပြစရာဘာမှမရှိပါဘူး၊ ဒီညမှာ ကောင်းမွန်တဲ့အချိန်တွေကို ဆိုးရွားတဲ့အချိန်တွေအဖြစ် ပြောင်းလဲခဲ့ကြပါတယ်၊ သူတို့ဂိုးသွင်းခဲ့ပြီးနောက် ကျွန်တော်တို့ကို အာရုံရှုပ်ထွေးစေခဲ့ပါတယ်၊ မီလန်မှာကစားခဲ့တဲ့ ပွဲတုန်းက ပွဲကောင်းတစ်ပွဲကို ကျွန်တော်တို့ ကစားနိုင်ခဲ့ပြီး ဒီနေ့ကတော့ မြင်တွေ့ခဲ့ကြသလိုပါပဲ"
"လုပ်စရာရှိတာတွေကို ဆက်လုပ်ပြီး ကစားသမားတွေပြန်ကစားနိုင်ဖို့၊ အသင်းပုံစံကိုပြောင်းလဲဖို့ လိုအပ်ပြီး ကျွန်တော်တို့မှာ တည်ငြိမ်မှုမရှိခဲ့ပါဘူး၊ ဒီပြသနာကို ကစားသမားတွေနဲ့ ကျွန်တော်အဖြေရှာသွားမှာပါ၊ ဒီမှာတော့ ကျွန်တော်ဘာမှမပြောနိုင်ပါဘူး" လို့ ဇီဒန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။
ရီးရဲလ်ကတော့ လာမယ့်ပွဲအဖြစ် ရှက်တာဒိုးနတ်နဲ့ ချန်ပီယံလိဂ်ပွဲကို ကစားသွားရမှာဖြစ်ပြီး နောက်တဆင့်ကိုတက်ရောက်နိုင်ဖို့ အရေးပါနေတဲ့ ပွဲလည်းဖြစ်ပါတယ်။ အလာဗက်စ်နဲ့ပွဲမှာ ဟာဇက်က ဒဏ်ရာပြန်လည်ရရှိသွားခဲ့လို့ အဆိုပါပွဲကို လွဲချော်ဖွယ်လည်းရှိနေပါတယ်။