အိုဆာဆူနာနဲ့ပွဲမှာ ပြုမူခဲ့တာဖြစ်ပါတယ်။

ဂိုးဧရိယာရှေ့မှာ ရှုပ်ယှက်ခတ်နေပြီး အသင်းဖော်ဘရိတ်ဝေ့တ်က အနီးကပ်ကန်သွင်းခဲ့ရာမှာ ဘောလုုံးက မြောက်တက်ခဲ့ပြီး ဂိုးထဲဝင်သွားချိန်မှာ မက်ဆီက အိုဆာဆူနာကစားသမားတစ်ဦးနဲ့ အပြိုင်ခုန်တိုက်ဖို့ ကြိုးစားခဲ့ရာမှာ လက်နဲ့ပုတ်ဖို့ ဟန်ပြင်ခဲ့တာဖြစ်ပါတယ်။ 


မနေ့ကကစားခဲ့တဲ့ အိုဆာဆူနာနဲ့ လာလီဂါပွဲစဉ်မှာ မက်ဆီဟာ အသင်းအတွက်ဂိုးရဖို့ကို လက်နဲ့ပုတ်သွင်းဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဘာစီလိုနာက ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မက်ဆီက အသင်းအတွက် နောက်ဆုံးပိတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့ကာ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ အာဂျင်တီးနားနာမည်ကျော်ကစားသမားဟောင်းကြီး မာရာဒိုနာကို အမှတ်တရဂုဏ်ပြုအောင်ပွဲခံခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ 



ဘာစီလိုနာအသင်းရဲ့ အဖွင့်ဂိုးရရှိခဲ့မှုမှာ မက်ဆီက လက်နဲ့ပုတ်ဖို့ ကြိုးစားခဲ့တာကို မြင်တွေ့ရမှာဖြစ်ကြောင်း Sportbible က ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဂိုးဧရိယာရှေ့မှာ ရှုပ်ယှက်ခတ်နေပြီး အသင်းဖော်ဘရိတ်ဝေ့တ်က အနီးကပ်ကန်သွင်းခဲ့ရာမှာ ဘောလုုံးက မြောက်တက်ခဲ့ပြီး ဂိုးထဲဝင်သွားချိန်မှာ မက်ဆီက အိုဆာဆူနာကစားသမားတစ်ဦးနဲ့ အပြိုင်ခုန်တိုက်ဖို့ ကြိုးစားခဲ့ရာမှာ လက်နဲ့ပုတ်ဖို့ ဟန်ပြင်ခဲ့တာဖြစ်ပါတယ်။ 

မက်ဆီအနေနဲ့ လက်နဲ့ပုတ်ဖို့ဟန်ပြင်ခဲ့ပြီးမှ မလုပ်ခဲ့တာလို့ ယူဆရဖွယ်ရှိကြောင်းလည်း သုံးသပ်မှုတွေရှိနေပါတယ်။ အဆိုပါဘောလုံးကတော့ ဘယ်သူနဲ့မှ မထိခဲ့ဘဲ ဂိုးအတွင်းဝင်ခဲ့တာကြောင့် ဘရိတ်ဝေ့တ်သွင်းယူခဲ့မှုဖြစ်ခဲ့ပြီး ဘာစီလိုနာတို့ အဖွင့်ဂိုးရရှိခဲ့ကာ ဂရစ်မန်း၊ ကော်တင်ဟို၊ မက်ဆီတို့က နောက်ထပ်သွင်းဂိုးတွေ အသီးသီးသွင်းယူပေးခဲ့ကာ နူးကမ့်မှာ ဂိုးပြတ်အောင်ပွဲရယူနိုင်ခဲ့ပါတယ်။ 

မာရာဒိုနာကလည်း ၁၉၈၆ ခုနှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းဘက်ကို လက်နဲ့ပုတ်သွင်းကာ ဂိုးသွင်းခဲ့ပြီး ဘုရားပေးသောလက်လို့ တင်စားခဲ့ပါတယ်။ မက်ဆီရဲ့မနေ့ညက ကြိုးစားအားထုတ်မှုကလည်း အင်္ဂလန်ဘက်ကို မာရာဒိုနာ ဂိုးသွင်းဖို့ကြိုးစားခဲ့ပုံနဲ့ တော်တော်လေးတူညီနေခဲ့ပြီး အမှန်တကယ်ပဲ ကြိုးစားခဲ့တာလားဆိုတာကတော့ ဝေခွဲမရဖြစ်ခဲ့ရပါတယ်။ 

မက်ဆီဟာ အနိုင်ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ဂျာစီကို ချွတ်ခဲ့ကာ နယူးဝဲလ်အိုးဘွိုင်းအသင်းမှာ မာရာဒိုနာကစားခဲ့စဉ်က ဝတ်ဆင်ခဲ့တဲ့ ဂျာစီနဲ့ မာရာဒိုနာရဲ့ ဟန်ပန်အတိုင်း အောင်ပွဲခံကာ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ တကယ်ကို ထူးခြားလေးနက်တဲ့ အခိုက်အတန့်ဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းက အဆိုပါအောင်ပွဲခံဟန်ကို တွစ်တာမှဖော်ပြခဲ့ကာ "ပြောစရာစကားလုံးမရှိ" လို့ ရေးသားခဲ့ပါတယ်။ 



က္က