ဘိုကာ နဲ့ နယူးဝဲလ်ပွဲစဉ်မှာ ဂုဏ်ပြုခဲ့ကြတာပါ။

မာရာဒိုနာရဲ့ အသင်းဟောင်းနှစ်သင်း ကစားခဲ့ကြတာဖြစ်ပြီး ဘိုကာဂျူနီယာက ၂-၀ နဲ့ အနိုင်ရရှိခဲ့ကာ ပွဲကြည့်စင်သီးသန့်ခန်းအတွင်း ရှိနေခဲ့တဲ့ ဒယ်လ်မာကို လက်ခုပ်တီးဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။ 


ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဘိုကာဂျူနီယာ နဲ့ နယူးဝဲလ်အိုးဘွိုင်းအသင်းတို့ရဲ့ ပွဲစဉ်အပြီးမှာ ဘိုကာကစားသမားတွေက မာရာဒိုနာရဲ့ သမီးဖြစ်သူ ဒယ်လ်မာကို ၀ိုင်းဝန်းနှစ်သိမ့်ကာ ဂုဏ်ပြုပေးခဲ့ကြပါတယ်။ မာရာဒိုနာရဲ့ အသင်းဟောင်းနှစ်သင်း ကစားခဲ့ကြတာဖြစ်ပြီး ဘိုကာဂျူနီယာက ၂-၀ နဲ့ အနိုင်ရရှိခဲ့ကာ ပွဲကြည့်စင်သီးသန့်ခန်းအတွင်း ရှိနေခဲ့တဲ့ ဒယ်လ်မာကို လက်ခုပ်တီးဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။ 



ဒယ်လ်မာဟာ ဖခင်ဖြစ်သူနဲ့အတူ ဘိုကာဂျူနီယာအသင်းပွဲစဉ်တွေကို လိုက်လံအားပေးလေ့ရှိသူဖြစ်ပြီး ပွဲကြည့်စင်ပေါ်မှာ သူတို့အတွက် သီးသန့်နေရာကို စီစဉ်ပေးထားတာဖြစ်ပါတယ်။ ဖခင်နဲ့အတူ နှစ်ဦးသားအတူတူကြည့်ရှုခဲ့တဲ့ ပုံရိပ်တွေက ဒယ်လ်မာအတွက်တော့ ဝမ်းနည်းဖွယ်ရာကောင်းခဲ့ပြီး ဘိုကာကစားသမားတွေဆီက ဂုဏ်ပြုမှုကိုရရှိခဲ့ချိန်မှာ ငိုကြွေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ 



အဖွင့်ဂိုးကို အလွတ်တည်ကန်ဘောကတဆင့် သွင်းယူနိုင်ခဲ့ပြီးနောက် ဘိုကာဂျူနီယာကစားသမားတွေဟာ မာရာဒိုနာရဲ့ ဂျာစီကို ဒယ်လ်မာကြည့်ရှုနေတဲ့ သီးသန့်ခန်းအရှေ့မှာ ဖြန့်ခင်းကာ ဂုဏ်ပြုခဲ့ပါတယ်။ ဒီအချိန်မှာ ဒယ်လ်မာတစ်ယောက် ဘယ်လိုမှ စိတ်မထိန်းနိုင်ခဲ့တော့ဘဲ ငိုကြွေးခဲ့ရကာ ပရိသတ်တွေအားလုံးကိုလည်း စိတ်မကောင်းဖြစ်စေခဲ့ရပါတယ်။ 

ဒယ်လ်မာဟာ ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာတော့ ကစားသမားတွေက လက်ခုပ်တီးကာ ထပ်မံဂုဏ်ပြုခဲ့ကြပါတယ်။ မာရာဒိုနာဟာ ဘိုကာဂျူနီယာအသင်းမှာ နှစ်ကြိမ်တိတိကစားပေးခဲ့ပြီး ပထမတစ်ကြိမ်ကတော့ ၁၉၈၁ ခုနှစ်မှာဖြစ်ကာ ပွဲပေါင်း ၄၀ ကစားပြီး ၂၈ ဂိုးသွင်းယူပေးခဲ့ကာ နောက်တစ်ကြိမ်ကတော့ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ အထိစြဖ်ပြီး သူ့ရဲ့ကစားသမားဘဝကို ဘိုကာနဲ့အဆုံးသတ်ခဲ့တာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က