ဗိုင်းရပ်စ်ကူးစက်ခံရပြီး အနားယူနေဆဲဖြစ်ပါတယ်။
Pyae Phyo Thein

ဆွာရက်ဇ်ကတော့ ဒီရာသီမှာ အက်သလက်တီကိုအတွက် လာလီဂါဂိုး ငါးဂိုးသွင်းယူထားပြီး မိနစ် ၉၀ ကစားပြီးတိုင်း ၁.၂ ဂိုးနှုန်းရရှိနေကာ ဂိုးကန်သွင်းချက် ၂၂ ကြိမ်မှာ ၈ ကြိမ်ဂိုးပေါက်တည့်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


လူးဝစ္စဆွာရက်ဇ်ဟာ ဗိုင်းရပ်စ်ကူးစက်မှုကနေ ပျောက်ကင်းမှုမရှိသေးပေမယ့်လည်း ဘိုင်ယန်မြူးနစ်နဲ့ပွဲအတွက် အသင်းလူစာရင်းကို နောက်ကျပြီးမှ ပူးပေါင်းနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ အက်သလက်တီကိုမက်ဒရစ်နည်းပြဆီမြွန်နီက ပြောဆိုလိုက်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးဟာ အသင်းရဲ့ နောက်ဆုံးသုံးပွဲကို လွဲချော်ထားခဲ့ပြီးဖြစ်ပါတယ်။ 

နိုင်ငံအသင်းအတွက် သွားရောက်ကစားချိန်မှာ ဆွာရက်ဇ်က ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ သူ့ရဲ့ဆေးစစ်မှုမှာ ပေါ့စတစ်ရလဒ်သာထွက်ပေါ်နေသေးတယ်လို့ သိရပြီး အသင်းရဲ့ ကစားသမား ၂၂ဦးစာရင်းထဲမှာလည်း ဆွာရက်ဇ် မပါဝင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဆီမြွန်နီကတော့ သူ့ တိုက်စစ်မှူးဟာ အပြီးတိုင်ကစားနိုင်ခြင်းမရှိတာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ 

"ဗိုင်းရပ်စ်က တကယ်ကို ထူးဆန်းပါတယ်၊ မနက်ဖြန်မှာ (ဒီနေ့) သူ့ရဲ့ရလဒ်က နဂ္ဂတစ်ဖြစ်တာ၊ ကြံ့ခိုင်မှုပြည့်ဝတာလည်းဖြစ်နိုင်ပါတယ်၊ သူက လေ့ကျင့်ခန်းတွေစလုပ်နေပြီဖြစ်ပြီးတော့ အသင်းကို ကူညီပေးချင်နေပါတယ်၊ စောင့်ကြည့်သွားရမှာဖြစ်ပြီး သူ့ရဲ့ သတင်းပေးပို့မှုကို နားစွင့်နေရမှာပါ၊ မနေ့က သူနဲ့ စကားပြောဖြစ်ခဲ့ပြီး သူ နေထိုင်ကောင်းတယ်လို့ ဆိုပါတယ်"

"အရေးအကြီးဆုံးက သူ နေထိုင်ကောင်းနေဖို့ပါ၊ မနက်ဖြန်ပွဲကို သူ မကစားရဘူးဆိုရင်တောင်မှ စနေနေ့ပွဲကိုတော့ သူ ကစားပေးပါလိမ့်မယ်" လို့ ဆီမြွန်နီက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဆွာရက်ဇ်ကတော့ ဒီရာသီမှာ အက်သလက်တီကိုအတွက် လာလီဂါဂိုး ငါးဂိုးသွင်းယူထားပြီး မိနစ် ၉၀ ကစားပြီးတိုင်း ၁.၂ ဂိုးနှုန်းရရှိနေကာ ဂိုးကန်သွင်းချက် ၂၂ ကြိမ်မှာ ၈ ကြိမ်ဂိုးပေါက်တည့်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

အက်သလက်တီကိုဟာ ပထမအကျော့မှာ ဘိုင်ယန်ကို အရေးနိ်မ့်ထားခဲ့ပြီး ဆွာရက်ဇ်အတွက်တော့ ဘာစီလိုနာ၊ အေတီကိုတို့အတွက် ကစားပေးပြီး ဘိုင်ယန်ကို နှစ်ကြိမ်ဆက်အရေးနိမ့်ထားခဲ့ပါတယ်။ တကယ်လို့ သူသာ ပါဝင်ကစားနိုင်ခဲ့မယ်ဆိုရင် ရှုံးကြွေးတွေပြန်ဆပ်နိုင်ဖို့အတွက် အခွင့်အရေးရရှိမှာလည်းဖြစ်ပါတယ်။ 


Author


က္က