ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရတာပါ။
Pyae Phyo Thein

ဘတ်ပီနဲ့ နေမာတို့ ပြန်လည်ကစားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဟာ မိုနာကိုကို အရေးနိမ့်ခဲ့ပြီး တူးလော့စ်နဲ့တော့ ၂ဂိုးစီသရေကျခဲ့ကာ ရလဒ်တွေဆိုးရွားနေတာကလည်း ပြင်သစ်ကလပ်အတွက် အနည်းငယ်စိုးရိမ်ဖွယ် ဖြစ်နေပါတယ်။ 

မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အရေးကြီးပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ ပထမအသင်းသားလေးဦးအထိ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ မဖြစ်မနေအနိုင်ရထားဖို့ လိုအပ်နေတဲ့ ပွဲမှာ အရန်အင်အားနည်းပါးနေမှာဖြစ်ပြီးရလဒ်ပိုင်းလည်း ကျဆင်းလာတဲ့ ပီအက်စ်ဂျီအတွက်တော့ သတိထားရမယ့် အချိန်ဖြစ်လာခဲ့ပါတယ်။ 

နေမာနဲ့ ဘတ်ပီတို့ ပြန်လည်ကစားပေးနိုင်နေပြီဖြစ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲမှာတော့ အီကာဒီ၊ ဆာရာဘီရာ၊ ဒရက်ဇ်လာ နဲ့ ဘားနတ်တို့ လွဲချော်မှာဖြစ်တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်ရမယ့်ပွဲလည်းဖြစ်သလို နောက်တဆင့်အတွက် အရေးပါတဲ့ ပွဲလည်းဖြစ်နေတာကြောင့် နည်းပြတူချယ်လ်အတွက် ဖိအားတွေရှိနေပြီလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်က ရမှတ် ၉ မှတ်နဲ့ ဦးဆောင်နေပြီး ပီအက်စ်ဂျီနဲ့ လိုက်ဇစ်တို့က ၆ မှတ်စီရရှိထားကာ Group H မှာ အသင်းသုံးသင်းအပြိုင်ဖြစ်နေပါတယ်။ ဘတ်ပီနဲ့ နေမာတို့ ပြန်လည်ကစားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီဟာ မိုနာကိုကို အရေးနိမ့်ခဲ့ပြီး တူးလော့စ်နဲ့တော့ ၂ဂိုးစီသရေကျခဲ့ကာ ရလဒ်တွေဆိုးရွားနေတာကလည်း ပြင်သစ်ကလပ်အတွက် အနည်းငယ်စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။ 

ယူနိုက်တက်ကလည်း ဒီပွဲကိုအနိုင်ရခဲ့မယ်ဆိုရင် နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာဖြစ်လို့ အိမ်ကွင်းမှာ အခွင့်အရေးကို အကောင်းဆုံးအသုံးချသွားဖို့ ပြင်ဆင်ထားမှာသေချာပါတယ်။ ဆောက်သမ်တန်ကို ၂ဂိုးပြတ်ရှုံးနိမ့်ခဲ့ရာကနေ ၃ဂိုးပြန်သွင်းကာ အနိုင်ယူထားနိုင်ခဲ့တာကလည်း စိတ်ပိုင်းဆိုင်ရာအရ အသာစီးရရှိနေမှာဖြစ်လို့ ပီအက်စ်ဂျီကို အခက်တွေ့စေနိုင်ပါတယ်။ 

ပီအက်စ်ဂျီအသင်းက သတင်းထုတ်ပြန်ခဲ့ရာမှာတော့ ဒရက်ဇ်လာက တံကောက်ကြောဒဏ်ရာကြောင့် တစ်လကျော်အနားယူရမှာဖြစ်ပြီး ဘားနတ်ကတော့ အရွတ်ဒဏ်ရာကြောင့် နှစ်သစ်ကူးကာလအထိ အနားယူရမယ်လို့ သိရပါတယ်။ အီကာဒီဟာ တူးလော့စ်နဲ့ပွဲမှာ လူစားဝင်ကစားပေးခဲ့ပေမယ့် လေ့ကျင့်ကွငး်မှာ ပေါင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆာရာဘီရာက ကြွက်သားနာကျင်မှုဝေဒနာကို ခံစားနေရဖြစ်ကြောင်း သိရပါတယ်။ 


Author


က္က